Samsung ကုမ္ပဏီဟာ ယခုနှစ်၊ ဇန်န၀ါရီလမှာ စတင်မိတ်ဆက်ခဲ့တဲ့ Skylake ပရိုဆက်ဆာသုံး Notebook 9 စီးရီးလက်ပ်တော့တွေကို စတင်ရောင်းချနေပြီဖြစ်ပါတယ်။
ပါဝင်တဲ့ဟာ့ဒ်ဝဲပစ္စည်းကွာခြားချက်အပေါ် မူတည်ပြီး အမျိုးအစားလေးမျိုး ၀ယ်ယူရရှိနိုင်မှာဖြစ်ကာ၊ အနည်းဆုံး ၉၉၉ ဒေါ်လာ ရှိမှာဖြစ်တယ်လို့ သိရပါတယ်။
Notebook 9 ဟာ တကယ့်အမိုက်စားပစ္စည်းတွေချည်း သုံးထားတဲ့လက်ပ်တော့ဖြစ်ပြီး၊ ၁၃.၃ လက်မမျက်နှာပြင်နဲ့ ၁၅.၆ လက်မအရွယ်မျက်နှာပြင် နှစ်မျိုး ရွေးချယ်ဝယ်ယူနိုင်မှာလည်း ဖြစ်ပါတယ်။
အသေးစိတ်အချက်အလက်တွေကတော့၊ ၁၃.၃ လက်မအရွယ် full-HD (1920×1080 pixels) display ၊ Intel ရဲ့ နောက်ဆုံး (ဆဌမမြောက်) မျိုးဆက် ‘Skylake’ Intel Core i5 SoC ပရိုဆက်ဆာ၊ RAM 8GB နဲ့ 256 GB SSD တို့ ပါဝင်ပါတယ်။ ဒီ specifications နဲ့ Notebook9 က ဈေးနှုန်း ၉၉၉ ဒေါ်လာပါ။
၁၅ လက်မအရွယ် full HD LED မျက်နှာပြင်၊ Intel Skylake Core i7 ပရိုဆက်ဆာ၊ RAM က 8GB ၊ 256GB SSD ၊ ဘက်ထရီသက်တမ်း ၁၂ နာရီခံတဲ့ Notebook 9 မော်ဒယ်နံပါတ် NP900X5L-KO2US ကတော့ ဈေး ၁၁၉၉ ဒေါ်လာလောက် ရှိမှာဖြစ်ပါတယ်။
အထက်ပါမော်ဒယ်နှစ်လုံးထက် ပိုမြင့်တဲ့ဟာသုံးချင်ရင်တော့၊ ၁၂၉၉ ဒေါ်လာတန် Notebook9 လက်ပ်တော့ မော်ဒယ်ရှိပါသေးတယ်။ ဒီမော်ဒယ်မှာတော့ ၁၃.၃ လက်မအရွယ် QHD (3200×1800 pixels) မျက်နှာပြင်၊ Skylake Core i7 ပရိုဆက်ဆာ၊ Intel HD Graphic 520 ၊ 8GB RAM တို့ ပါဝင်ပါတယ်။ ဒီမော်ဒယ်ရဲ့ နောက်ထပ်ထူးခြားချက်ကတော့၊ မျက်နှာပြင်ကို ၃၆၀ ဒီဂရီ ခေါက်ချိုးချိုးနိုင်ပြီး၊ တက်ဘလက်ပုံစံမျိုး အနေနဲ့သာ သုံးနိုင်ပါတယ်။
လက်ပ်တော့နဲ့ ဂိမ်းအမြင့်ဆော့ချင်သူတွေအတွက် ၁၅.၆ လက်မ UHD (3840×2160 pixels) display ပါဝင်တဲ့ resolution အမိုက်စား Notebook 9 Pro လည်း ရှိပါတယ်။ Skylake Core i7 ပရိုဆက်ဆာ၊ RAM က 8GB တို့ ပါဝင်ပြီး၊ GPU မှာ NVIDIA GeForce GTX 950M ဂရပ်ဖစ်ပါဝင်ပြီး၊ ကျန်လက်ပ်တော့တွေလို 256 GB SSD နဲ့ပဲ ဖြစ်ပါတယ်။ Notebook 9 စီးရီးထဲမှာ ဈေးအမြင့်ဆုံးဖြစ်ပြီး၊ ဈေးနှုန်းက ၁၄၉၉ ဒေါ်လာပါ။
Notebook 9 စီးရီးလက်ပ်တော့လေးမျိုးလုံးဟာ Windows 10 Home စနစ် နဲ့ဖြစ်ပြီး၊ Samsung တရားဝင်စတိုးတွေအပြင်၊ Amazon ကနေပါ ၀ယ်ယူရရှိနိုင်တယ်လို့ သိရပါတယ်။
Ref: Gadgets360
ရေးသားသူ-
Credit to digitaltimes
ညီလတ်ထွန်း(ဘီအမ်း)
www.nyilattun.com
Post a Comment
ယခု Website လေးကို ၀င်ရောက်လေ့လာဖတ်ရှုကြခဲ့သော မိတ်ဆွေအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
အကယ်၍အဆင်မပြေမှု တစ်စုံတရာရှိခဲ့ပါက..
ယခုအောက်က Comment Box တွင် ...Comment ချန်ခဲ့ပြီး
အကြောင်းကြားနိုင်ပါတယ် ခင်ဗျာ...။
မိကောင်းဖခင် သားသမီးဆိုရင်
ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုခြင်းသည်းခံပါ မိတ်ဆွေ!