May 14, 2025

Gear S2 အတွက် iOS အထောက်အပံ့ကို ယခုလကုန်ပိုင်းတွင် ဖြန့်ချိဖွယ်ရှိ

 
ယခုနှစ် တစ်ချိန်ချိန်တွင် Gear S2 ကို iPhone နှင့် အသုံးပြုနိုင်ဖွယ်ရှိကြောင်း Samsung က ဇန်နဝါရီလတွင် ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် ယခုအခါ iOS နှင့်အသုံးပြုနိုင်မည့် အချိန်ကာလ ထွက်ပေါ်လာခဲ့သည်။
Tizen Cafe မှဖော်ပြခဲ့သော tweet တစ်ခုအရ Gear S2 အတွက် update ကို မတ်လကုန်တွင် Gear Manager iOS app နှင့်အတူ ဖြန့်ချိမည်ဟု သိရသည်။ Samsung သည် အဆိုပါ စမတ်နာရီအတွက် firmware update တစ်ခု ဖြန့်ချိရန် စီစဉ်လျက်ရှိသည်။ အဆိုပါသတင်းသည် မည်သည့်နေရာမှထွက်ပေါ်လာသည်ကို ရှင်းရှင်းလင်းလင်း မသိရသော်လည်း screenshot တွင်မူ Samsung customer service နှင့် အွန်လိုင်းစကားပြောဆိုမှုကို ဖော်ပြထားသည်။
 

 

Gear S2 ကို iPhone ဖြင့်အသုံးပြုသည့်အခါ ကန့်သတ်ချက်အချို့နှင့် တွေ့ကြုံရဖွယ်ရှိသည်။ ဥပမာအနေဖြင့် စမတ်နာရီကို iOS ထုတ်ကုန်တစ်ခုဖြင့် ချိတ်ဆက်ထားသည့်အခါ Samsung Pay အလုပ်လုပ်ဖွယ်မရှိပေ။
Ref: TechnoBuffalo
အင်တာနက်ဂျာနယ်


 
ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင် ။ { ဒီမှာ Like နှိပ်ပါ }မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။

Post a Comment

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.