July 17, 202511:58:45 PM

ဗီဒီယို တင်သူများအတွက် နေ့စဉ် ဗီဒီယို ကြည့်ရှုမှု အချက်အလက်ကို Facebook မှ ဖော်ပြပေးမည်

 
Facebook သည် လူမှုရေးမီဒီယာတွင် တင်ထားသည့် ဗီဒီယိုများအား လူမည်မျှကြည့်ရှုကြောင်း သိရှိနိုင်မည့် နေ့စဉ်တိုင်းတာမှုများကို ထည့်သွင်းခဲ့သည်။
ယခုမတိုင်မီက လူများသည် ဗီဒီယိုကိုကြည့်ရှုခဲ့သည့် အကြိမ်အရေအတွက်နှင့် ကြည့်ရှုခဲ့သူအရေအတွက်ကဲ့သို့သော အရာများကို သိရှိနိုင်ခဲ့သည်။ ယခုအခါတွင် ဗီဒီယိုတင်သူများသည် တစ်ရက်တွင် ဗီဒီယိုကို ကြည့်ရှုခဲ့သည့် မိနစ်အရေအတွက်နှင့် တစ်ရက်အတွင်း ဗီဒီယိုကို ကြည့်ရှုခဲ့သူအရေအတွက်တို့ကို သိရှိနိုင်မည် ဖြစ်သည်။ ပထမရက်တွင် ဗီဒီယိုကို ၁၀ စက္ကန့်စာ ကြည့်ရှုသူ အရေအတွက် (သို့မဟုတ် ၁၀ စက္ကန့်ထက်တိုတောင်းသော ဗီဒီယိုအား အနည်းဆုံး ၉၇ ရာခိုင်နှုန်း ကြည့်ရှုသူအရေအတွက်) ကိုဖော်ပြပေးမည်ဟု Facebook ထုတ်ကုန်မန်နေဂျာ အန်အိတ်ထ်ဂိုမက်ဇ်အော်တီဂိုဇာက blog post တွင်ရေးသားခဲ့သည်။
“အခုအချက်အလက်သစ်တွေဟာ Page ပိုင်ဆိုင်သူက သူတို့ ပရိသတ်တွေရဲ့ ဗီဒီယိုကြည့်ရှုမှုနှုန်းကို ပိုမိုနားလည်စေမှာပါ။ ဗီဒီယိုရုပ်ထွက်ပိုင်းဆိုင်ရာရဲ့စွမ်းဆောင်ကို ပိုမိုကောင်းမွန်အောင် ထောက်ပံ့ထားပါတယ်။ ကျွန်တော်တို့အနေနဲ့ သူတို့ရဲ့ ဗီဒီယိုနည်းဗျူဟာများကို သတင်းအချက်အလက်နဲ့ ကူညီနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဂိုမက်ဇ်အော်တီဂိုဇာက ရေးသားခဲ့သည်။
ပြီးခဲ့သည့်လက Facebook သည် ဗီဒီိယိုတိုင်းတာမှုစနစ်ကို ပြန်လည် ပြင်ဆင်ရးဆွဲခဲ့သည်။ Facebook စာမျက်နှာများအတွက် ဗီဒီယိုစိစစ်မှုများကို ၂၀၁၄ ခုနှစ်တွင် စတင်ခဲ့သည်။ ဇူလိုင်လတွင် ထွက်ပေါ်လာသော video library သည် သုံးစွဲသူများက ၎င်းတို့၏ဗီဒီယိုများကို ခြေရာခံနိုင်ရန် အထောက်အကူပြုသည်။
သုံးစွဲသူများသည် Page Insights သို့မဟုတ် video library တွင် နေ့စဉ်ဗီဒီယိုကြည့်ရှုမှုနှုန်း တိုင်းတာမှုစနစ်သစ်ကို တွေ့မြင်နိုင်ပြီ ဖြစ်ကြောင်း ဂိုမက်ဇ်အော်တီဂိုဇာက ရေးသားထားသည်။

Ref: VentureBeat
Credit- Internetjournal
ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင် ။ { ဒီမှာ Like နှိပ်ပါ }မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ 
 
 


Post a Comment

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.