June 6, 2025

Bitstrips ကို ဒေါ်လာ သန်း ၁၀၀ နီးပါးဖြင့် Snapchat ဝယ်ယူ

 
သုံးစွဲသူ၏ avatar တစ်ခုကို ဖန်တီးကာ လူမှုရေးမီဒီယာတွင် ဝေမျှနိုင်သော Bitmoji app ကို ဖန်တီးသည့် Bistrips ကုမ္ပဏီအား Snapchat က ဝယ်ယူခဲ့ကြောင်း သိရသည်။
Snapchat အနေဖြင့် ၂၀၁၂ ခုနှစ်တွင် တည်ထောင်ခဲ့သော Bitstrips ကုမ္ပဏီကို ဝယ်ယူရန်အတွက် ဒေါ်လာ သန်း ၁၀၀ နီးပါး ပေးချေခဲ့ရကြောင်း အဆိုပါ သတင်းကို ဦးစွာဖော်ပြခဲ့သည့် Fortune မှ ဒန်ပရိုင်မက်က ပြောကြားခဲ့သည်။ ၎င်းသည် Facebook ပေါ်တွင် လျင်မြန်စွာကျော်ကြားခဲ့သည့် app ဖြစ်ပြီး သုံးစွဲသူများက ကွဲပြားခြားနားသော setting များစွာဖြင့် မိမိကိုယ်ကို ကာတွန်းဗားရှင်းအဖြစ် ဖန်တီးကာ ဝေမျှမှုများပြုလုပ်နိုင်သည်။
Snapchat မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကမူ အဆိုပါသတင်းအပေါ် မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။
Snapchat အနေဖြင့် မည်သည့်ရည်ရွယ်ချက်ဖြင့် Bitmoji ကို ဝယ်ယူခဲ့ကြောင်း မသိရှိရသေးသော်လည်း ကုမ္ပဏီအနေဖြင့် သုံးစွဲသူများ၏ ဓာတ်ပုံများနှင့် ဗီဒီယိုများတွင် အခြားသော ပျော်ရွှင်ဖွယ်ရာလုပ်ဆောင်ချက်များဖြင့် အလှဆင်နိုင်စေရန် ထောက်ပံ့ပေးဖွယ်ရှိသည်။


Ref: Recode
Credit-Internetjournal 

 
ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင် ။ { ဒီမှာ Like နှိပ်ပါ }မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ 


Post a Comment

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.