OPPO အနေဖြင့် ကင်မရာပိုင်း အသားပေးထားသော ထုတ်ကုန်သစ်ဖြစ်သည့် OPPO F1 (Rose Gold) ကို ပြည်တွင်း၌ ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ OPPO F1 ဖုန်းမှာ ကင်မရာပိုင်း အထူးအသားပေးထားပြီး aperture f/2.0 အကျယ်ရှိ 8MP ရှေ့ကင်မရာကို အသုံးပြုထားသည့်အတွက် ရုပ်ထွက် အရည်အသွေးပိုင်း အထူးကြည်လင်ပြတ်သားမှု ရှိစေမည့်အပြင် ရှေ့ဘက်ကင်မရာဖြင့်ပင် Full HD video များကို ရိုက်ယူနိုင်မည်ဖြစ်သည်။ နောက်ကင်မရာမှာမူ 13MP အရည်အသွေးကို အသုံးပြုပေးထားသည်။
OPPO F1 (Rose Gold) ကို ပုံမှန်ဈေးနှုန်း ၂၉၉,၀၀၀ ကျပ်ဖြင့်ပင် ဝယ်ယူနိုင်ပြီး ၀ယ်ယူသူများအနေဖြင့် OPPO မှပေးအပ်ထားသည့် လက်ဆောင်ပစ္စည်း ၈ မျိုးပါဝင်သော Special Gift Set ကိုလည်း ရရှိနိုင်မည်ဖြစ်သည်။
ပြည်တွင်း၌ OPPO F1 ကို Gold Colour ကိုသာ ပထမဆုံး မိတ်ဆက်ရောင်းချပေးခဲ့ပြီး ယခုအခါမှသာ Rose Gold ကို ထပ်မံတင်သွင်း ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။

ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင် ။ { ဒီမှာ Like နှိပ်ပါ }မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။
Post a Comment