ဖုန်းကတ်စတင် အသုံးပြုချိန် အပိုငွေရရှိမည့် Welcome Offer အစီအစဉ်ကို MPT က ပြုလုပ်လိုက်ကြောင်း သိရသည်။
အဆိုပါအစီအစဉ်ကို မတ်လ ၁၁ ရက်နောက်ပိုင်း ဆင်းမ်ကတ်အသစ်ကို စတင်သုံးစွဲသူများသာ ရရှိမည်ဖြစ်ကြောင်း၊ Welcome Offer ကို ခံစားနိုင်ရန် အသုံးပြုသူတစ်ဦးသည် နံပါတ်အသစ် စတင်ချိန်မှ ရက် ၃၀ အတွင်း အနည်းဆုံး လက်ကျန်ငွေ ၁,၀၀၀ ကျပ် စတင်ဖြည့်ရမည်ဖြစ်ပြီး ထိုသို့ ဖုန်းငွေဖြည့်မှသာလျှင် ပထမဆုံးငွေဖြည့်မှုအတွက် ထည့်သွင်းပေးမည့် ပထမဆုံးအကြိမ် အပိုဆောင်းငွေကို ရရှိမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအစီအစဉ်တွင် ဖုန်းကတ် စတင်အသုံးပြုချိန်ရရှိမည့် အပိုဆောင်းငွေ၊ ပထမဆုံးငွေဖြည့်သည့်အချိန်တွင် ရရှိမည့်အပိုဆောင်းငွေနှင့် ထပ်ဆင့်အပိုဆောင်းငွေများ ပါဝင်မည်ဖြစ်သည်။ MPT ဆင်းမ်ကတ်အသစ်တစ်ခုကို စတင်အသုံးပြုချိန်တွင် ဖုန်းကတ်သစ်အသုံးပြုမှုအတွက် အပိုဆောင်းငွေ ၅၀၀ ကျပ်ကို ရရှိမည်ဖြစ်ပြီး ထိုလက်ကျန်ငွေဖြင့် မည်သည့်ဝန်ဆောင်မှုကိုမဆို အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ အသုံးပြုသူအနေဖြင့် ဖုန်းငွေဖြည့်ကတ်ဖြင့် လက်ကျန်ငွေဖြည့်သွင်းပါက ပထမဆုံးငွေဖြည့်ချိန်တွင် ထည့်သွင်းသည့် ပမာဏပေါ်မူတည်ကာ အပိုဆောင်းငွေပေးမည်ဖြစ်ပြီး တစ်လတစ်ကြိမ် လက်ကျန်ငွေဖြည့်သွင်းပါက အပိုဆောင်းငွေကို ၄ လ ဆက်တိုက် ရရှိမည်ဖြစ်ကြောင်း သိရသည်။
ပထမဆုံး လက်ကျန်ငွေဖြည့်ချိန်တွင် ငွေပမာဏများလေလေ နောက်ထပ် ၄ လဆက်တိုက်ရရှိမည့် အပိုဆောင်းငွေပမာဏ များလေလေဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထုတ်ပြန်သည်။
အပိုဆောင်းငွေ ၄ ခုစလုံးကိုရရှိရန် သုံးစွဲသူတစ်ဦးသည် (ပထမဆုံးငွေဖြည့်ချိန်မှ ရက်ပေါင်း ၁၂၀ အတွင်း) ရက် ၃၀ တိုင်းတွင်တစ်ခါ လက်ကျန်ငွေဖြည့်ရမည် ဖြစ်သည်။ ထပ်ဆင့်အပိုဆောင်းငွေများ ရရှိရန်အတွက်မူ မိမိအဆင်ပြေသည့် လက်ကျန်ငွေကို ဒုတိယအကြိမ် ထပ်မံဖြည့်သွင်းနိုင်သည့်အပြင် ပထမဆုံး စတင်ဖြည့်သွင်းသည့် လက်ကျန်ငွေပမာဏပေါ်မူတည်ပြီး အပိုဆောင်းငွေ ရရှိနိုင်မည်ဖြစ်ကြောင်း၊ အပိုဆောင်းငွေများအား ရက် ၃၀ အတွင်း MPT ဖုန်းအချင်းချင်းခေါ်ဆိုမှု၊ MPT ဖုန်းအချင်းချင်း စာတိုပေးပို့မှုနှင့် PayAsYouGo ဒေတာအသုံးပြုမှုအတွက် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထပ်ဆင့်အပိုဆောင်းငွေများကို စစ်ဆေးရန်အတွက် 1331 သို့ BAL ဟု စာတိုပေးပို့ကာ စစ်ဆေးနိုင်မည်ဟု သိရသည်။ လက်ကျန်ငွေ ဖြည့်သွင်းမှုကို ငွေဖြည့်ကတ်များဖြင့်ဖြစ်စေ၊ e-top up စနစ်ဖြင့် ဖြစ်စေ ဖြည့်သွင်းနိုင်ပြီး နံပါတ်သစ်တစ်ခုလျှင် Welcome bonus set တစ်ခုသာ ရရှိမည်ဖြစ်သည်။
ပေးပို့- ထွန်းထွန်း
Credit-internetjournal
ညီလတ်ထွန်း(ဘီအမ်း)
www.nyilattun.com

Post a Comment
ယခု Website လေးကို ၀င်ရောက်လေ့လာဖတ်ရှုကြခဲ့သော မိတ်ဆွေအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
အကယ်၍အဆင်မပြေမှု တစ်စုံတရာရှိခဲ့ပါက..
ယခုအောက်က Comment Box တွင် ...Comment ချန်ခဲ့ပြီး
အကြောင်းကြားနိုင်ပါတယ် ခင်ဗျာ...။
မိကောင်းဖခင် သားသမီးဆိုရင်
ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုခြင်းသည်းခံပါ မိတ်ဆွေ!