June 8, 2025

ASUS ၏ မိုဘိုင်းဖုန်းဆိုင်ရာ ဝန်ဆောင်မှုစင်တာပေါင်း ၂၀ ကို ယခုနှစ်အတွင်းဖွင့်မည် ဟုဆို

ASUS ၏ မိုဘိုင်းဖုန်းဆိုင်ရာ ဝန်ဆောင်မှုစင်တာပေါင်း ၂၀ ကို ယခုနှစ်အတွင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါစင်တာများကို မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ ယခုလက်ရှိတွင် ငါးခု ဖွင့်လှစ်ထားကြောင်း၊ ယင်းနေရာများမှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့တွင်ဖြစ်ကြောင်း ASUS ၏ တာဝန်ရှိသူဖြစ်သည့် Mr Jeff Lo က ပြောသည်။
"အရောင်းစင်တာပေါင်း ၂၀ ကို ၂၀၁၆ ခုနှစ်အတွင်း ဖွင့်လှစ်သွားမှာပါ၊ လက်ရှိ ငါးခုရှိတယ်။ ASUS က ကွန်ပျုတာတွေကိုလည်း ရောင်းချနေတာမို့ ကွန်ပျူတာအရောင်းစင်တာနဲ့ တွဲဖက်ဖွင့်မှာတော့ မဟုတ်ပါဘူး။ ASUS မိုဘိုင်းဖုန်းဆိုင်ရာ အရောင်းစင်တာဆိုပြီး သပ်သပ်ဖွင့်လှစ်သွားမှာပါ" ဟု ပြောကြားသည်။
ASUS အမှတ်တံဆိပ် မိုဘိုင်းဖုန်းများ မြန်မာနိုင်ငံဈေးကွက်သို့ တွင်တွင်ကျယ်ကျယ် ရောင်းချသွားတော့မည်ဖြစ်ကြောင်း သိရသည်။ အထက်ပါ ဝန်ဆောင်မှုစင်တာများတွင် ASUS မှ တရားဝင်ဖြန့်ချိလျက်ရှိသော မိုဘိုင်းဖုန်းများနှင့်ပတ်သက်၍ ဝန်ဆောင်မှုများကို တာဝန်ယူ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
"မြန်မာနိုင်ငံမှာက အခြားမိုဘိုင်းဖုန်းတံဆိပ်တွေလည်း အများကြီးရှိတယ်။ အဲ့ဒါတွေနဲ့ ယှဉ်ပြိုင်ဖို့ဆိုတာက ထုတ်ကုန်အရည်အသွေးက အဓိကကျပါတယ်။ ကျွန်တော်တို့ကတော့ ပစ္စည်းအရည်အသွေးနဲ့ပဲ ယှဉ်ပြိုင်သွားမှာပါ" ဟု ဆက်လက်ပြောကြားသည်။
ASUS မှထုတ်လုပ်သော ZenFone အမျိုးအစားလေးမျိုးကို မတ်လ ၁၅ ရက်က Novotel Hotel တွင် မိတ်ဆက်ပြသခဲ့သည်။

Credit-အင်တာနက်ဂျာနယ်

Post a Comment

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.