ဧရာဝတီဘဏ်၏ Credit Card လျှောက်လွှာများကို စူပါမားကတ်များ၊ ဈေးဝယ်စင်တာများတွင် တိုးချဲ့လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ဧရာဝတီဘဏ်ခွဲများ၌ ဆောင်ရွက်လျက်ရှိပြီး ထပ်မံတိုးချဲ့မည် ဘဏ်ခွဲများနှင့် အထက်ပါနေရာများတွင် တိုးချဲ့မည်ဖြစ်ကြောင်း ကြေညာထားချက်အရ သိရသည်။
AYA Credit Card သည် နိုင်ငံတကာ Credit Card များအတိုင်း သုံးစွဲသူများမှ အာမခံငွေ ကြိုတင်သွင်းထားစရာ မလိုအပ်ကြောင်း သိရသည်။ ကတ်အမျိုးအစားများ ခွဲခြားထားပြီး မိမိအသုံးပြုမည့်အပေါ်မူတည်၍ ကတ်အမျိုးအစားကို ရွေးချယ်လျှောက်ထားနိုင်မည် ဖြစ်သည်။
Credit Card မှာ ကြိုတင်သတ်မှတ်ထားသော ငွေပမာဏကို သတ်မှတ်ထားသော အတိုးနှုန်းဖြင့် ချေးယူအသုံးပြုနိုင်သော ကတ်အမျိုးအစားဖြစ်ကြောင်း၊ ယင်းကတ်ဖြင့် ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ခရီးသွားလုပ်ငန်းများ၊ စိန်ရွှေရတနာဆိုင်များ၊ အမှတ်တရပစ္စည်း အရောင်းဆိုင်များ အစရှိသော စီးပွားရေးလုပ်ငန်းများတွင် ငွေသားကိုင်ဆောင်စရာမလိုဘဲ ပေးချေနိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဘဏ်အနေဖြင့် လက်ရှိတွင် နိုင်ငံတကာမှ ဧရာဝတီဘဏ်သို့ ငွေလွှဲနိုင်ရန် ဆောင်ရွက်လိုက်ကြောင်း သိရသည်။
နိုင်ငံတကာရှိ Western Union, International, Money Express (IME), DBS တို့မှငွေလွှဲနိုင်မည် ဖြစ်ကြောင်း၊ စင်ကာပူနိုင်ငံ DBS မှ မြန်မာနိုင်ငံ ဧရာဝတီဘဏ်သို့ ငွေလွှဲရာတွင် ယခုလက်ရှိစနစ်အရ မြန်မာနိုင်ငံတွင် ငွေထုတ်ယူမည့်နေ့ရက်၏ ငွေလွှဲနှုန်းအတိုင်းဖြစ်ကြောင်း၊ ဧပြီလ ၁ ရက်မှစ၍ စင်ကာပူနိုင်ငံတွင် ငွေလွှဲသည့်နေ့ရက်၏ ငွေလွှဲနှုန်း အတိုင်း မြန်မာနိုင်ငံတွင် ငွေထုတ်ယူရန် ဝန်ဆောင်ခ ငါးထောင်ကျပ်ဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အဆိုပါဘဏ်မှ သိရသည်။
Credit- အင်တာနက်ဂျာနယ်

Post a Comment