Microsoft ၏ Windows Phone တွင် တစ်စိတ်တစ်ပိုင်းအဖြစ် နှစ်အတန်ကြာ ပါဝင်လာခဲ့သော Here Maps ကို ယခုလကုန်ပိုင်းတွင် ရပ်ဆိုင်းတော့မည်ဖြစ်သည်။
Windows 10 အတွက် ကုမ္ပဏီ၏ မြေပုံ app များထောက်ပံ့ခြင်းကို မတ်လ ၂၉ ရက်တွင် ရပ်ဆိုင်းမည်ဖြစ်ပြီး အရေးကြီးသည့် အားနည်းချက်များပြင်ဆင်ရန်အတွက် Windows Phone 8 ၏ app များ တိုးတက်ဖွံ့ဖြိုးမှုကို ကန့်သတ်သွားမည်ဖြစ်ကြောင်း Here မှ ကြေညာခဲ့သည်။
ထို့အတွက်ကြောင့် နောက်ဆုံးပေါ် Lumia 950 ဟန်းဆက်များကို သုံးစွဲသူများသည် ဇွန်လ ၃၀ ရက်နောက်ပိုင်းမှစတင်ကာ Here မြေပုံများကို အသုံးပြုနိုင်တော့မည် မဟုတ်ပေ။ Windows Phone 8.1 ထုတ်ကုန်ကို သုံးစွဲသူများထံတွင် Here မြေပုံက ဆက်လက်အလုပ်လုပ်မည်ဖြစ်သော်လည်း ရက်သတ္တပတ်အနည်းငယ်တွင် ရရှိမည့် Windows 10 သို့ အဆင့်မြှင့်တင်သည့်အခါတွင် အသုံးပြု၍ရတော့မည် မဟုတ်ပေ။
“Here app တွေကို Windows 10 မှာ အသုံးပြုနိုင်ဖို့အတွက် ပြဿနာတွေကိုဖြေရှင်းရပါမယ်။ ဒါကြောင့် ၂၀၁၆ ခုနှစ် ဇွန်လ ၃၀ ရက်နောက်ပိုင်းကစပြီး Here app ကိုသုံးလို့ရမှာ မဟုတ်တော့ပါဘူး။ Here app တွေကို Windows 10 မှာ ဆက်လက်ထောက်ပံ့နိုင်ဖို့အတွက် app တွေကို ပြန်လည်ဖန်တီးဖို့လိုပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ app တွေကို Windows 10 စတိုးကနေ ဖယ်ရှားဖို့ ဆုံးဖြတ်ထားပါတယ်" ဟု Here မှ ပြောရေးဆိုခွင့်ရှိသူ ပီနိုဘိုနက်တီက ရှင်းပြခဲ့သည်။
Ref: TheVerge
www.nyilattun.com

Post a Comment
ယခု Website လေးကို ၀င်ရောက်လေ့လာဖတ်ရှုကြခဲ့သော မိတ်ဆွေအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
အကယ်၍အဆင်မပြေမှု တစ်စုံတရာရှိခဲ့ပါက..
ယခုအောက်က Comment Box တွင် ...Comment ချန်ခဲ့ပြီး
အကြောင်းကြားနိုင်ပါတယ် ခင်ဗျာ...။
မိကောင်းဖခင် သားသမီးဆိုရင်
ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုခြင်းသည်းခံပါ မိတ်ဆွေ!