ပေါက်ကြားထွက်ပေါ်လာသော သတင်းများနှင့်ပတ်သက်၍ အားထားယုံကြည်ရသော @evleaks က HTC 10 တွင် Super LCD 5 display နှင့် 3,000mAh ဘက်ထရီတို့ ပါဝင်မည်ဟု ထုတ်ဖော်ပြောကြားလိုက်သည်။
အဆိုပါဖုန်းတွင် AMOLED အစား Super LCD 5 display ကို အသုံးပြုထားသည်ဟုဆိုသည်။ Super LCD သည် သာမန် LCD နှင့် ကွဲပြားခြားနားပြီး စွမ်းအင်သုံးစွဲမှုနည်းပါးခြင်းနှင့် အိမ်ပြင်ပတွင် အသုံးပြုသည့်အခါ အမြင်ပိုမိုကောင်းမွန်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိစေနိုင်ကြောင်း သိရသည်။
Display နည်းပညာအပြင် HTC 10 တွင် 3,000mAh ဘက်ထရီ ပါဝင်မည်ဟု @evleaks မှ ဖော်ပြခဲ့သည်။ ယခင်အမျိုးအစား၏ ဘက်ထရီပမာဏမှာ 2,840mAh ဖြစ်သည်။
အခြားသော ကောလာဟလ အချက်အလက်များအရ HTC 10 တွင် ၅.၁ လက်မ display နှင့် SD820 chipset အပြင် 4GB RAM နှင့် ပမာဏတိုးမြှင့်နိုင်သော 32GB internal memory တို့ပါဝင်ပြီး USB Type-C port ကိုထောက်ပံ့ပေးထားကြောင်း သိရသည်။ အဆိုပါဟန်းဆက်ကို ဧပြီလတွင် တရားဝင်မိတ်ဆက်ဖွယ်ရှိသည်။
Ref: GSMARena
အင်တာနက်ဂျာနယ်

ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင် ။ { ဒီမှာ Like နှိပ်ပါ }မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။
Post a Comment