June 8, 2025

Lenovo Network Storage များကို ၃၀ ရာခိုင်နှုန်းလျော့ဈေးဖြင့် ရောင်းချ

အချက်အလက်သိုလှောင်နိုင်မှုပမာဏ ကြီးကြီးအသုံးပြုနိုင်သော IOMEGA IX2 မော်ဒယ် Lenovo Network Storage ထုတ်ကုန်များကို ၃ဝ ရာခိုင်နှုန်းလျော့ဈေး ဝယ်ယူနိုင်မည်ဖြစ်ပြီး 4TB နှင့် 6TB အမျိုးအစားနှစ်မျိုးရှိမည်ဖြစ်ကြောင်း သိရသည်။
"ရုပ်ရှင်၊ ဗီဒီယို၊ ဆော့ဖ်ဝဲ ဘာပဲ သိမ်းထား၊ သိမ်းထားရပါတယ်။ အိမ်သုံး၊ ရုံးသုံး၊ ကျောင်းသုံးအနေနဲ့လည်း သုံးနိုင်ပါတယ်။ တခြား External Hard Disk တွေထက် ထူးခြားတာက USB နဲ့ တင် Connect လုပ်လို့ရတာ မဟုတ်ပါဘူး။ Network LAN connection လည်း ရပါတယ်။ အခု နဂိုဈေးထက် ၃ဝ ရာခိုင်နှုန်း Discount ချထားပါတယ်" ဟု KMD မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
4TB အမျိုးအစားတွင် 2TB Hard Disk နှစ်လုံး ထည့်သွင်းထားပြီး 6TB အမျိုးအစားတွင် 3TB Hard Disk နှစ် လုံးပါဝင်မည်ဖြစ်သည်။ 4TB ၏ ရောင်းဈေး ၃၈ဝ ဒေါ်လာကို ၃ဝ ရာခိုင်နှုန်းလျော့ဈေး ၂၆၆ ဒေါ်လာ၊ 6TB ၏ ရောင်းဈေး ၄၇ဝ ဒေါ်လာကို ၃ဝ ရာခိုင်နှုန်းလျော့ ဈေး ၃၂၉ ဒေါ်လာဖြင့် ဝယ်ယူနိုင်မည်ဖြစ်သည်။ စိတ်ပါဝင်စားသူများအနေဖြင့် KMD ၏ အွန်လိုင်းစတိုး www.kmdshopping.com.mm မှတစ်ဆင့်ဝယ်ယူနိုင်မည့်အပြင် အသေးစိတ်ထပ်မံသိရှိလိုသူများအနေဖြင့် ဖုန်း - ၀၉၂၆၂၇၆၅၁၆၆ တွင် ဆက်သွယ်စုံစမ်း ဝယ်ယူနိုင်မည် ဖြစ်သည်။
 Credit- internetjournal.media

                                                                ညီလတ်ထွန်း(ဘီအမ်း)
                                                            www.nyilattun.com

Post a Comment

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.