May 19, 2025

၅၀၀ ကျပ်တန်ငွေဖြည့်ကတ်ကို Ooredoo မိတ်ဆက်


ဆက်သွယ်ရေးအော်ပရေ တာတစ်ခုဖြစ်သည့် Ooredoo သည် ၄င်းတို့၏ မိုဘိုင်းဖုန်းများ အတွက် ၅၀၀ ကျပ်တန် ငွေဖြည့် ကတ်များကို စတင်မိတ်ဆက်လိုက်ကြောင်း သိရသည်။
ဈေးကွက်အတွင်း အဆိုပါ ၅၀၀ ကျပ်တန်ငွေဖြည့်ကတ်များ ကြိုတင်ရောက်ရှိနေသော်လည်း တရားဝင်မိတ်ဆက်ခြင်းကို ယခုမှ စတင်လိုက်ခြင်းဖြစ်ပြီး နီးစပ်ရာ ငွေဖြည့်ကတ်အရောင်းဆိုင်များ တွင် ဝယ်ယူနိုင်ပြီဟု သိရသည်။
Ooredoo သည် ၄င်းတို့၏ ၅ ထောင်ကျပ်တန် ငွေဖြည့်ကတ်များကို နိုင်ငံလူဦးရေ၏ ၈၀ ရာ ခိုင်နှုန်းကျော်သို့ ရောက်ရှိအောင် ဖြန့်ချိထားသည်ဟု သတင်းထုတ် ပြန်ထားပြီး ၅ ထောင် ကျပ်တန် ငွေဖြည့်ကတ်များ ထုတ်ဝေရခြင်းမှာလည်း လိုအပ်ချက်နှင့် ကိုက်ညီအောင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟု ပြောဆိုခဲ့သည်။
အခြားသောဆက်သွယ်ရေး အော်ပရေတာများအနေဖြင့် ၁ ထောင်ကျပ်တန်ငွေဖြည့်ကတ် ကို သာ အနိမ့်ဆုံးအနေဖြင့် ဈေးကွက်အတွင်း ဖြန့်ချိန်နေခြင်းဖြစ် ပြီး Ooredoo က ၄င်း၏ အသုံးပြု သူများအတွက် ၅၀၀ ကျပ်တန် ငွေဖြည့်ကတ်ကို စတင်ထုတ်ဝေခဲ့ခြင်းဖြစ်သည်။
Credit- internetjournal.media

                                                                  ညီလတ်ထွန်း(ဘီအမ်း)
                                                            www.nyilattun.com

Post a Comment

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.