July 10, 202508:38:10 AM

ကမ္ဘာတစ်ဝန်းတွင် Xiaomi MIUI ကို သုံးစွဲသူ သန်း ၁၇၀ ကျော်ရှိ

ကမ္ဘာတစ်ဝန်းတွင် MIUI ROM ကို သုံးစွဲနေသူ သန်း ၁၇၀ ကျော်ရှိကြောင်း Xiaomi မှ ကြေညာခဲ့သည်။ အဆိုပါကြေညာချက်ကို ဘာစီလိုနာမြို့၌ ကျင်းပလျက်ရှိသော Mobile World Congress (MWC) ပြပွဲတွင် တရုတ်ကုမ္ပဏီမှ ထုတ်ပြန်ခဲ့သည်။
MIUI သည် ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလက သုံးစွဲသူ သန်း ၁၀၀ ပြည့်ခဲ့သောကြောင့် တစ်နှစ်အတွင်း သုံးစွဲသူသစ် သန်း ၇၀ ရရှိခဲ့ခြင်းဖြစ်သည်။ MIUI သုံးစွဲသူဦးရေအပြင် ကုမ္ပဏီ၏ ROM ကို ဟန်းဆက်အမျိုးအစားပေါင်း ၃၄၀ ကျော်တွင် အသုံးပြုနိုင်ပြီဖြစ်ကြောင်း Xiaomi မှ ထုတ်ဖော်ပြောကြားခဲ့သည်။
Xiaomi သည် MWC ပြပွဲတွင် Android 6.0 Marshmallow ကိုအခြေခံထားသော MIUI 7 အသုံးပြုထားသည့် Mi 5 စမတ်ဖုန်းကို မိတ်ဆက်ပေးခဲ့သည်။
Ref: GSMArena
Credit- internetjournal.media

                                                              ညီလတ်ထွန်း(ဘီအမ်း)
                                                       www.nyilattun.com

Post a Comment

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.