အွန်လိုင်းဆိုတဲ့နေရာမှာ နှစ်မျိုးရှိပါတယ်။ application တွေထဲက၀င်ပြီး သက်ဆိုင်ရာ website ကို တိုက်ရိုက်သုံးတဲ့အွန်လိုင်းကတစ်မျိုး။ Browser က၀င်ပြီး သုံးတဲ့အွန်လိုင်းက တစ်မျိုးဆိုတော့ ပုံစံနှစ်မျိုး၊ appli-cation ထဲက ၀င်သုံးတဲ့အွန်လိုင်းမှာပြဿနာပေါ်ခဲပါတယ်။ browser ကနေ၀င်ပြီး အင်တာနက် တစ်ခွင်လုံးကို ပြဲပြဲစင် အောင်သုံးတဲ့ အွန်လိုင်းက ပြဿနာ မျိုးစုံ ရှိပါတယ်။ ဒါကြောင့် browser ကနေ အွန်လိုင်းကိုပြဿနာ မရှိဘဲ သုံးနိုင်အောင် လုပ်သင့်လုပ်ထိုက်တဲ့လုပ်ထုံးလုပ်နည်းတွေကို တင်ပြချင်ပါ တယ်။
<Website ကလာတဲ့ notification တွေကိုပိတ်မယ်။>
Website အတော်များများက Push notification ဆိုတဲ့ ဇွတ်အသိပေးစာ တွေကို ပို့လေ့ရှိပါတယ်။ အထူးသဖြင့် browser တွေဆိုရင် version အသစ် ထွက်လာပြီး အခုပဲ Update လုပ်မှာလား ဘာညာသာရ ကာပေါ့။ browser တင်မကပါဘူး။ Facebook,ebay, yahoo mail တွေက အင်တာနက်ချိတ်ပြီး၊ လိုင်းပေါ် တက်ပြီဆိုတာနဲ့ ကွန်ပျူတာ desktop ပေါ်မှာ Message ပေါင်းစုံ ပို့တတ်ကြပါတယ်။ နောက်ဆုံးထွက်ထားတဲ့ firefox 44.0 မှာလည်း Push notification ကို Support လုပ်တယ်။အဲဒီ notification က စိတ်ကသိ ကအောင့်ဖြစ်အောင် လုပ်သလား၊ သူ့ကို disable လုပ်ပါမယ်။ Firefox browser မှာ Tools>Options> Content ကိုဝင်ပါမယ်။ ပြီးရင် Notification နားက အကွက်မှာ Click နှိပ်ပါ မယ်။ ရွေးလိုက်တာပါ။ ပြီးရင် သက်ဆိုင်ရာ Website က notification ကို ပိတ်ဖို့အတွက် Sitefield ထဲမှာ Website URL ကို ရွေးပါ။ Remove site ကို ကလစ်နှိပ်ပြီးရွေးပါ။ ပြီးရင် Save Changes ကိုကလစ်နှိပ်ပြီးရွေးပါ။
Website အားလုံးက notification တွေကို ပိတ်ချင်ရင် Remove all Sites ကိုကလစ်နှိပ်ပြီး ရွေးနိုင် တယ်။ Firefox 44.0 ဟာ Website တွေကနေ အင်တာနက်သုံးစွဲသူတွေကို notification တွေခွင့်ပြုဖို့တောင်း ဆိုလာတာက ကာကွယ်နိုင်အောင် အခွင့်အလမ်းပေးထားပါတယ်။ ယာယီလုပ်ချင်ရင် Notification ခေါင်းစဉ် အောက်က Do not Disturb ကို ရွေးလို့ရပါတယ်။ notification တွေကို အမြဲတမ်းပိတ်ချင်ရင် အင်တာနက် လိပ်စာရိုက်တဲ့ အကွက်ထဲမှာ about config ရိုက်ထည့်ပြီး Enter ခေါက်ပါ။ ပေါ်လာတဲ့ အကွက်ထဲက Prefere-nce ကိုရှာပါ။ webnotification.enabled ကိုရှာပါ။ သူ့ရဲ့ value နေရာမှာ ကလစ်နှစ်ချက်ခေါက်ပြီး တန်ဖိုးကို False ဖြစ်အောင် ပြောင်းပေးပါမယ်။ ဒါဆိုရင် push notification ရန်က ထာဝရလွတ်ကင်း ပါပြီ။ ဒီကိစ္စအတွက် Firefox browser ကိုသုံးရပါမယ်။
<Redirect အလုပ်မခံရအောင် ရှောင်မယ်။>
အွန်လိုင်းဆိုတာ တစ်ခါတစ်ခါကြတော့ ဘယ့်နှယ့်ဟာကြီးပါလိမ့်လို့စဉ်းစား မိတယ်။ ဘယ့်နှယ့်ဗျာ Software လေးတစ်ခုလောက်ရဖို့ ရှာပါတယ်။ သက်ဆိုင်ရာ Website ဆီတိုက်ရိုက်ရောက်ရတယ်မရှိဘူး။ ဟိုကနေဒီလွှဲ၊ ဒီကနေဟိုလွှဲ။ မဆိုင်တဲ့ Website တွေထဲဝင်ဆို့ထွက်ဆို့နဲ့ သွားနေတာ နည်းသလား။ data နဲ့သုံးတဲ့ ကာလရောက်တော့ အဲဒီမရောင်ရာဆီလူး data တွေအတွက် ကိုယ်ကငွေရှင်းရပြီး ဒီတော့မဆိုင်တဲ့ နေရာတွေဆီ ၀င်ဆို့ ထွက်ဆို့မလုပ်ဘဲ လိုတဲ့နေရာကို တိုက်ရိုက်သွားရ အောင် စီစဉ်ကြပါမယ်။
Google ရဲ့ Search result ကိုကြည့်ရင် သက်ဆိုင်ရာ Website လိပ်စာကို မြင်ရမယ်။ အဲဒီ Site ကိုတိုက်ရိုက်မသွားဘဲ ညာကလစ်ထောက်ပြီး လိပ်စာ ကိုကော်ပီကူးမယ်ဆိုရင် Google ရဲ့ redirect လုပ်ထားတဲ့ စာသားအရှည် ကြီးကို URL အကွက်ရဲ့ရှေ့မှာ တွေ့ရမယ်။ ဥပမာပြောရရင် http://www.google.com.uk ဆိုတာ မျိုးပေါ့။ ပြီးရင် သူ့နောက်မှာ စာတန်းရှည်ကြီးပါလာမယ်။ paste လုပ်တဲ့အချိန်မှ တွေ့ရတာပါ။ ဒီလိုအ ဖြစ်မျိုးကနေ လွှဲရှောင်နိုင်ပြီး သက်ဆိုင်ရာဆီတိုက်ရိုက်ရောက်မယ့် Link ကိုပဲ Copy and paste လုပ်ကြပါမယ်။
အဲဒီကိစ္စအတွက် Remove Google Redirect in Google Search Results ဆိုတဲ့ Plugin ကို install လုပ်ကြပါမယ်။ (www. bit.ly/redirect 389) ကနေ download ချနိုင်ပါတယ်။ Plug in ရဲ့ နာမည်မှာ ပြောထားတဲ့အတိုင်းပဲ ဒီ Plugin ဟာ Google ရဲ့ Search result ထဲက အပိုမဆလာသွားမယ့်လိပ်စာ တွေကို ဖြုတ်ထုတ်ပေးနိုင်ပါတယ်။ redirect ကိစ္စအတွက် Google ကသုံး မယ့် Java Script function အလုပ်မလုပ်နိုင် အောင် disable လုပ်ပြီး အပို ဆားဒါးတွေကို ဖြုတ်ပစ်လိုက်တာပါ။ ဒီနောက်ပိုင်းမှာ သက်ဆိုင်ရာ Website ဆီ တည့်တည့်တန်းတန်းရောက်မယ့်လိပ်စာ သန့်သန့်ပဲကျန်ပါတယ်။ Copy and Paste လုပ်ပြီး သုံးနိုင်ပါမယ်။ အလုပ်ပိုတယ်ဆိုပေမယ့် အချိန်ကုန်သက် သာတဲ့အပြင် data ပမာဏလည်း သက်သာပါမယ်။ ဒီကိစ္စအတွက် Firefox browser ကိုသုံးစွဲရင် ပိုအဆင်ပြေပါမယ်။
<Website တွေရဲ့ ယုံကြည်စိတ်ချရမှုအဆင့်ကိုရှာမယ်။>
နာမည်ကြီး Website တွေ ဥပမာပြောရရင် Facebook တို့ Wikipedia တို့ Yahoo တို့ Amazon တို့ဆီ ကျွန်တော်တို့စိတ်ချလက်ချဝင်နိုင်ကြပါတယ်။ ယုံကြည်စိတ်ချရမှုအားကောင်းတာကိုး။ ဒါပေမယ့် အင်တာနက်ကိုထဲထဲ ၀င်ဝင်သုံးတဲ့အခါ နာမည်မကြီးတဲ့အပြင် ဘာမှန်းညာမှန်းမသိ Website တွေထဲလည်းစွတ်ရွတ်ပြီး ၀င်ရတာတွေရှိပါတယ်။ သူတို့တစ်တွေစိတ်ချရ သလား မသိပါဘူး။ တစ်ခါတလေများ အဲဒီ Website တွေက အီးမေးနဲ့ Password ထည့်ခိုင်းတဲ့အပြင် Credit card debit card နံပါတ်တွေတောင် တောင်းလိုက်ပါသေး တယ်။ မဖြစ်ချေဘူး။ website တွေရဲ့ယုံကြည်စိတ်ချ ရမှုကို သိမှဖြစ်တော့မယ်။ ဒီကိစ္စအတွက် Trustafact Plugin ကိုသုံးပါမယ်။ (www.bit.ly.trusta389) ကနေ ယူနိုင်ပါတယ်။
အခမဲ့ရနိုင်တဲ့ ဒီ tool ဟာ website တစ်ခုရဲ့လူကြိုက်များတာ မများတာ၊ data ကာကွယ်ပေးနိုင်မှု အားကောင်းတာမကောင်းတာ၊ Spam တွေ ထုတ်ပေးတာ မပေးတာအပြင် website ကို သုံးစွဲနေသူတွေရဲ့ မှတ်ချက် ကိုပါထည့်တွက်ပြီး ရမှတ်ထုတ်ပေးပါတယ်။ Trustafact ဆီက information အပြည့်အစုံရချင်ရင် register လုပ်ပြီး သုံးဖို့လိုပါတယ်။ ဒါပေမယ့် Skip signing up for now ကိုရွေးပြီး သူ့ရဲ့အခြေခံအဆင့် သတ်မှတ်ချက်ကို ပါကြည့်နိုင်ပါတယ်။ Trustafact website ရဲ့အပြော ကတော့ website ပေါင်သန်း (၇၅၀)အထိ သူ့ website က သုံးသပ်ပေးထားတယ်လို့ဆိုပါ တယ်။ tool အသစ်တွေလူသိပ်မသိသေးတဲ့ website တွေအတွက် သုံးနိုင် ပါတယ်။ ဒီအလုပ်က Opera browser မှာ အဆင်အပြေဆုံးဖြစ်ပါတယ်။
<မင်မိုရီသိပ်မစားဘဲ အွန်လိုင်းကြော်ငြာတွေပိတ်မယ်။>
အွန်လိုင်းကြော်ငြာတွေကလည်း အင်တာနက်သုံးစွဲသူတွေကို အတော်လေး ဒုက္ခပေးပါတယ်။ သူ့ ကြောင့် webpage တွေ အတက်နှေးပါတယ်။ webpage ထဲမှာပါတဲ့ ကြော်ငြာတွေအတွက် Data ကုန်ကျ စရိတ်ကို ကျွန်တော်တို့ပေးရတယ်။ ဒီကိစ္စကို အလွယ်ကူဆုံးဖြေရှင်း ဖို့အတွက် Slimjet browser ကို ကျွန် တော်သုံးတယ်။ သူ့ထဲမှာ Ad block Plus က built in ပါပြီးသားပါ။ သီးခြားဝင်ထိုးတဲ့ကြော်ငြာတွေကို တိတိကျကျ ပိတ်ပေးပါ တယ်။ Chrome browser သုံးတဲ့လူတွေက UBlock ကိုသုံးနိုင်တယ်။ အခု ဆိုရင် Firefox သုံးသူတွေဟာလည်း ကြော်ငြာပိတ်ဖို့ Adblock Plus ကို သုံးနိုင်ပါတယ်။ browser add-on အနေနဲ့သုံးနိုင်တာပါ။ UBlock ကိုလည်း သုံးနိုင်ပါတယ်။ Adblock Plus က မင်မိုရီစားတာများပါတယ်။ UBlock က Adblock Plus နဲ့အလုပ်လုပ်တာတန်းတူကောင်းပေမယ့် မင်မိုရီစားတာ အလွန်နည်းပါတယ်။ Filter list အတူတူသုံးတာမို့ စွမ်းဆောင်ရည်တူတာပါ။ UBlock သုံးရင် Setting ချိန်ပေးစရာမလို ပါဘူး။ toolbar ပေါ်မှာ ရှိတဲ့ UBlock button မှာ လက်ရှိ webpage အတွက် ကြော်ငြာဘယ်နှခု ပိတ်ပေး တယ်ဆိုတာ ပြပါတယ်။ တချို့ Website တွေမှာ ကြော်ငြာ ပိတ်တဲ့ အလုပ် ကိုမလုပ်ချင်ရင် UBlock ကို disable လုပ်နိုင်ပါတယ်။ သူ့ button ရှိတဲ့ နေရာမှာ သွားပြီး ညာကလစ်ထောက်ပါ။ ပြီးရင်ပေါ်လာတဲ့အကွက်ထဲက disable Ublock ကို ကလစ်နှိပ်ရင် ကိစ္စပြီးပါတယ်။
နောင်စိုး(ထားဝယ်)
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal
ညီလတ်ထွန်း(ဘီအမ်း)
www.nyilattun.com
Post a Comment
ယခု Website လေးကို ၀င်ရောက်လေ့လာဖတ်ရှုကြခဲ့သော မိတ်ဆွေအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
အကယ်၍အဆင်မပြေမှု တစ်စုံတရာရှိခဲ့ပါက..
ယခုအောက်က Comment Box တွင် ...Comment ချန်ခဲ့ပြီး
အကြောင်းကြားနိုင်ပါတယ် ခင်ဗျာ...။
မိကောင်းဖခင် သားသမီးဆိုရင်
ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုခြင်းသည်းခံပါ မိတ်ဆွေ!