Lenovo ကနေ အရင်ထုတ်လုပ်ပေးခဲ့တဲ့ Vibe P1 ကို Features ပိုင်းတွေမှာ ထပ်မံအဆင့်မြှင့်တင်ပေးထားတဲ့ Lenovo Vibe P1 Turbo စမတ်ဖုန်းကို ထုတ်လုပ်ပေးထားပါတယ်။ P1 Turbo မှာ 13 MP ရှိတဲ့ Autofocus Rear Camera ကိုအသုံးပြုထားတာတွေ့ရပါတယ်။ GSM, LTE နဲ့ HSPA Networks တွေမှာသုံးစွဲနိုင်ပြီး SIM Card 2 Cardကို တစ်ပြိုင်နက်တည်းထည့်သုံးနိုင်ပါ တယ်။ ဖုန်းအရွယ်အစားက 152.9×75.6×9.9 mm ရှိပြီး 189g အလေးချိန် ရှိပါတယ်။ မျက်နှာပြင်ကို IPS Capacitive Touchscreen အမျိုးအစားနဲ့ ပြုလုပ်ပေးထားပြီး 5.5 inches အကျယ်ရှိပါတယ်။ မြင်ကွင်းစွမ်းအားကို ထောက်ပံ့ပေးနိုင်တဲ့ အရည်အသွေးက 1080×1920 pixels ပမာဏရှိပြီး ၁လက်မအနေအထားမှာ 401 ppi pixel သိပ်သည်းဆကိုပေးစွမ်းနိုင်ပါ တယ်။ Multitouch စနစ်ကို အသုံးပြုနိုင်ပြီး လက်ချောင်း ၁၀ ချောင်းအထိ တစ်ပြိုင်နက်တည်း ထိန်းချုပ်လို့ရပါတယ်။
မျက်နှာပြင်ကိုအကြမ်းခံနိုင်စေဖို့အတွက် Corning Gorilla Glass 3 နဲ့ဖုံးအုပ် ကာကွယ်ပေးထားပါတယ်။ အနောက်ကင်မရာက 13 MP Resolution အရည်အသွေးရှိပြီး 30fps နဲ့ 1080p အရည်အသွေးရှိ ဗီဒီယိုတွေကို ရိုက်ကူး ပေးနိုင်မှာဖြစ်ပါတယ်။ အရှေ့ကင်မရာကတော့ 5MP သာရှိပါတယ်။ Internal Memory 32 GB ပါရှိပြီး Data တွေအများကြီးသိမ်းဆည်းချင်တဲ့ သူတွေက Micro SD Card ကို 128GB အထိထပ်မံစိုက်ထည့်ထားနိုင်ပါ တယ်။ ယာယီမှတ်ဥာဏ်စွမ်းအားဖြစ်တဲ့ RAM ကတော့ 3GB အပြည့်အ၀ပါရှိ ပါတယ်။ Non-removable Li-Po 5000 mAh ဘက်ထရီကြောင့် ၄၄ နာရီ ကြာဖုန်းပြောဆိုနိုင်ပြီး Stand-by mode အနေနဲ့ကတော့ နာရီပေါင်း ၆၀၀ အထိသုံးစွဲနိုင်မှာပဲဖြစ်ပါတယ်။
<Specification>
Network - GSM/HSPA/LTE
CPU - Q-C 1.5 GHz & Q-C 1.1 GHz
Memory - 32GB (up to 128 GB)
OS - Android OS,v 5.1 (Lollipop)
Bluetooth - v4.1, LE
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal
ညီလတ်ထွန်း(ဘီအမ်း)
www.nyilattun.com
Post a Comment
ယခု Website လေးကို ၀င်ရောက်လေ့လာဖတ်ရှုကြခဲ့သော မိတ်ဆွေအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
အကယ်၍အဆင်မပြေမှု တစ်စုံတရာရှိခဲ့ပါက..
ယခုအောက်က Comment Box တွင် ...Comment ချန်ခဲ့ပြီး
အကြောင်းကြားနိုင်ပါတယ် ခင်ဗျာ...။
မိကောင်းဖခင် သားသမီးဆိုရင်
ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုခြင်းသည်းခံပါ မိတ်ဆွေ!