April 17, 2025

Qualcomm ၏ Quick Charge 4 က ၅ မိနစ် အားသွင်းရုံဖြင့် ဘက်ထရီကို ၅ နာရီကြာ သုံးနိုင်မည်



Qualcomm သည် Snapdragon 835 processor နှင့်အတူ Quick Charge 4 ကိုပါ မိတ်ဆက်ကြေညာခဲ့သည်။

ဘက်ထရီကို လျင်မြန်စွာအားသွင်းပေးမည့် အဆိုပါနည်းပညာသစ်ကို Snapdragon 835 chip ပါဝင်သည့် စမတ်ဖုန်းများတွင် ပထမဆုံး အသုံးပြုမည်ဖြစ်သည်။ ၎င်းသည် ၅ မိနစ်အားသွင်းရုံဖြင့် ဘက်ထရီကို ၅ နာရီကြာ အသုံးပြုနိုင်မည်ဟု Qualcomm မှ ပြောကြားခဲ့သည်။
Quick Charge ၏ ပထမ ဗားရှင်းသုံးမျိုးသည် ကုမ္ပဏီအား ဘက်ထရီကို လျင်မြန်စွာအားသွင်းပေးမည့် နည်းပညာများတွင် နံပါတ်တစ် ဖြစ်လာစေရန် အထောက်အကူပြုခဲ့ကြောင်း Qualcomm မှ presentation slide များဖြင့် ဖော်ပြခဲ့သည်။

Quick Charge ဗားရှင်းများကို Samsung, LG, Lenovo, ZTE နှင့် Google ကဲ့သို့သော ကုမ္ပဏီများ၏ မိုဘိုင်းထုတ်ကုန် ၁၀၀ ကျော်တွင် အသုံးပြုထားကြောင်း၊ ၎င်းနည်းပညာအသုံးပြုထားသည့် wall adapter များ၊ car adapter များ၊ ဘက်ထရီများနှင့် docking station များကဲ့သို့သော တွဲဖက်ပစ္စည်းထုတ်ကုန် ၃၀၀ ကျော်ရှိကြောင်းလည်း ဖော်ပြခဲ့သည်။

Quick Charge 4 သည် USB Type-C နှင့် USB-PD ချိတ်ဆက်မှုများကို အထောက်အပံ့ပေးနိုင်ပြီး Quick Charge 3.0 နှင့် နှိုင်းယှဉ်လျှင် စမတ်ဖုန်းဘက်ထရီများကို ၂၀ ရာခိုင်နှုန်း လျင်မြန်စွာ အားသွင်းနိုင်ကြောင်း Qualcomm မှ ဆိုခဲ့သည်။

ပထမဦးဆုံး Snapdragon 835 processor များနှင့် Quick Charge 4 အထောက်အပံ့ကို ၂၀၁၇ ခုနှစ် ပထမနှစ်ဝက်တွင် တင်ပို့ရောင်းချမည့် ထုတ်ကုန်များ၌ စတင်တွေ့မြင်ရမည်ဟု Qualcomm မှ ပြောကြားခဲ့သည်။

Ref: AndroidAuthority
Credit Internetjouranal

သီဟထိုက်
www.thihahtike.com







::::: Screen Shot :::::




Here ) မှတစ်ဆင့်
ပြန်လည် မျှဝေဖော်ပြထားခြင်းဖြစ်ပါသည်။

( ::::: ပိုစ့်တင်သူ-ချမ်းမြေ့မောင် ::::: )

ဝ===ဝ CHAN LAY (MCMM) ဝ===ဝ

( ::::: www.chanmyaemaung.net ::::: )


ချမ်းမြေ့ရဲ့ Facebook စာမျက်နှာသို့သွားရန် - ( နှိပ်လိုက်ပါ)

*******************************************************

ကျွန်တော့်ရဲ့ Facebook ပေါ်ကနည်းပညာ Page လေးတွင် *Like & Follow  လုပ်ထားရင်ဖြင့်
 နောက်ဆုံးထွက် နည်းပညာ Update Post များစွာကိုမြင်ရမည်ဖြစ်တဲ့အတွက်ကြောင့်
 Like & Follow လုပ်ဖို့ မမေ့နဲ့နော်...။



ADMIN: CHAN MYAE MAUNG
ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် ခင်ဗျာ... အဆင်မပြေမှုတစ်စုံတရာ နားလည်မှုမရှိမရှိခဲ့ပါက
  ကျွန်တော် ချမ်မြေ့းရဲ့မှားယွင်းမှုပါခင်ဗျာ။
ချမ်းမြေ့ရဲ့ Blog Site လေးမှာ Post များဝင်ရောက်ရေးသားချင်တယ်ဆိုရင်တော့ 
လက်တွဲပြီး နည်းပညာပိုစ့်များရေးသားနိုင်ပါတယ်ခင်ဗျာ။
အကယ်၍ ချမ်းမြေ့ကို ဆက်သွယ်ချင်တယ်ဆိုရင်တော့အောက်က Mail သို့ဆက်သွယ်လိုက်ပါ ခင်ဗျာ...။
info@chanmyaemaung.com
ချမ်းမြေ့မောင် ( IT-Zone )
**************************************************************************

Post a Comment

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.