" Cardboard Camera "
----------------------------
အ့ံၾသဖြယ္႐ႈေမွ်ာ္ခင္းေတြရွိရာ ေဝးလံတဲ့ေနရာေတြကို သြားေရာက္ၿပီး ကိုယ္တိုင္ ကိုယ္က် ဓာတ္ပံု႐ိုက္ကူးထားသလုိ ထင္ရေစတဲ့ VR photo ေတြ ဖန္တီးဖို႔အတြက္ Cardboard Camera app ျဖစ္ပါတယ္။ အသံုး ျပဳသူေတြရဲ႕စမတ္ဖုန္းကို virtual reality (VR) ကင္မရာတစ္လံုးအျဖစ္ ေျပာင္းလဲေပးႏိုင္ တဲ့ app ျဖစ္ၿပီး အသံုးျပဳရလြယ္ကူပါတယ္။ သာမန္ဓာတ္ပံု႐ိုက္သလုိ ႐ိုက္လိုက္႐ံုပါပဲ။ အရင္ဆံုး Cardboard Camera app ကို ဖြင့္လိုက္ၿပီး ကင္မရာ ခလုတ္ကိုႏွိပ္လိုက္ပါ။ ၿပီးရင္ ျမင္ကြင္းက်ယ္ပံုေတြ႐ိုက္သလုိမ်ိဳး ဖုန္းကိုကိုင္ၿပီး ခႏၶာကိုယ္ကို စက္ဝိုင္းပံုလွည့္ရမွာ ျဖစ္ပါတယ္။ ဒါမွ ႐ႈေထာင့္အားလံုးပါေအာင္ ႐ိုက္ယူႏိုင္ၿပီး သံုးဖက္ျမင္-ျမင္ကြင္းက်ယ္ပံုေတြျဖစ္တဲ့ VR photos ေတြ ရရွိမွာျဖစ္ပါတယ္။ ျမင္ကြင္းကို ႐ႈေထာင့္စံုက လွည့္ပတ္ၾကည့္႐ႈႏိုင္သလုိ အသံပါ ပူးတြဲဖမ္းယူႏိုင္လို႔ recording လုပ္ေနခ်ိန္မွာ ျဖစ္ပ်က္ေနတဲ့ အခိုက္အတန္႔ကို အတိအက် ၾကားသိႏိုင္မွာျဖစ္ပါတယ္။ VR photos ေတြကို ၾကည့္ဖုိ႔အတြက္ေတာ့ ဖုန္းမွာ Cardboard headset တပ္ဆင္ၿပီး အသံုးျပဳရမွာပါ။ အေပ်ာ္ခရီး၊ မိသားစုေတြ႕ဆံုပြဲ၊ ေမြးေန႔ပါတီ စတဲ့အမွတ္တရေတြကို မွတ္တမ္းတင္ထားၿပီး VR experience ကို ခံစားႏိုင္မွာ ျဖစ္ပါတယ္။ iOS 9.0 နဲ႔အထက္မွာ အသံုးျပဳႏိုင္ပါတယ္။
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal
-----------------------------------------------------------------------------------------------------
(Unicode Version)
" Cardboard Camera "
----------------------------
အ့ံသြဖွယ်ရှုမျှော်ခင်းတွေရှိရာ ဝေးလံတဲ့နေရာတွေကို သွားရောက်ပြီး ကိုယ်တိုင် ကိုယ်ကျ ဓာတ်ပုံရိုက်ကူးထားသလို ထင်ရစေတဲ့ VR photo တွေ ဖန်တီးဖို့အတွက် Cardboard Camera app ဖြစ်ပါတယ်။ အသုံး ပြုသူတွေရဲ့စမတ်ဖုန်းကို virtual reality (VR) ကင်မရာတစ်လုံးအဖြစ် ပြောင်းလဲပေးနိုင် တဲ့ app ဖြစ်ပြီး အသုံးပြုရလွယ်ကူပါတယ်။ သာမန်ဓာတ်ပုံရိုက်သလို ရိုက်လိုက်ရုံပါပဲ။ အရင်ဆုံး Cardboard Camera app ကို ဖွင့်လိုက်ပြီး ကင်မရာ ခလုတ်ကိုနှိပ်လိုက်ပါ။ ပြီးရင် မြင်ကွင်းကျယ်ပုံတွေရိုက်သလိုမျိုး ဖုန်းကိုကိုင်ပြီး ခန္ဓာကိုယ်ကို စက်ဝိုင်းပုံလှည့်ရမှာ ဖြစ်ပါတယ်။ ဒါမှ ရှုထောင့်အားလုံးပါအောင် ရိုက်ယူနိုင်ပြီး သုံးဖက်မြင်-မြင်ကွင်းကျယ်ပုံတွေဖြစ်တဲ့ VR photos တွေ ရရှိမှာဖြစ်ပါတယ်။ မြင်ကွင်းကို ရှုထောင့်စုံက လှည့်ပတ်ကြည့်ရှုနိုင်သလို အသံပါ ပူးတွဲဖမ်းယူနိုင်လို့ recording လုပ်နေချိန်မှာ ဖြစ်ပျက်နေတဲ့ အခိုက်အတန့်ကို အတိအကျ ကြားသိနိုင်မှာဖြစ်ပါတယ်။ VR photos တွေကို ကြည့်ဖို့အတွက်တော့ ဖုန်းမှာ Cardboard headset တပ်ဆင်ပြီး အသုံးပြုရမှာပါ။ အပျော်ခရီး၊ မိသားစုတွေ့ဆုံပွဲ၊ မွေးနေ့ပါတီ စတဲ့အမှတ်တရတွေကို မှတ်တမ်းတင်ထားပြီး VR experience ကို ခံစားနိုင်မှာ ဖြစ်ပါတယ်။ iOS 9.0 နဲ့အထက်မှာ အသုံးပြုနိုင်ပါတယ်။
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal
Post a Comment
ယခု Website ေလးကို ၀င္ေရာက္ေလ့လာဖတ္ရႈၾကခဲ့ေသာ မိတ္ေဆြအားလံုးကို အထူးပဲ ေက်းဇူးတင္ပါတယ္ ခင္ဗ်ာ။
အကယ္၍အဆင္မေျပမႈ တစ္စံုတရာရွိခဲ့ပါက..
ယခုေအာက္က Comment Box တြင္ ...Comment ခ်န္ခဲ့ျပီး
အေၾကာင္းၾကားႏိုင္ပါတယ္ ခင္ဗ်ာ...။
မိေကာင္းဖခင္ သားသမီးဆိုရင္
ရိုင္းရိုင္းစိုင္းစိ္ုင္းေျပာဆိုျခင္းသည္းခံပါ မိတ္ေဆြ!