May 19, 2025

" Android 7.0 Nougat အေျခခံ MIUI 9 ကုိ ၾသဂုတ္လ ၁၆ ရက္မတိုင္မီ မိတ္ဆက္မည္ဟု Xiaomi မွ အတည္ျပဳ "



Xiaomi က MIUI 9 ကုိလုပ္ေဆာင္ေနတယ္လုိ႔ အရင္တစ္ပတ္ကအတည္ျပဳခဲ့ေပမယ့္ မိတ္ဆက္မယ့္ ရက္ကိုေတာ့ ထုတ္ေဖာ္ေျပာျပျခင္းမရွိခဲ့ပါဘူး။ ယခု MIUI ဖုိရမ္ မွာကုမၸဏီက MIUI 9 နဲ႔ Android 7.0 Nougat  ကုိ ၾသဂုတ္လမတုိင္မီမိတ္ဆက္မယ္လို႔ ေျပာၾကားလိုက္ပါတယ္။ Xiaomiရဲ႕ အႀကီးအကဲကလည္းXiaomiအသံုးျပဳသူေတြရဲ႕ MIUI 9 အေပၚ ေမးျမန္းမႈေတြေၾကာင့္ MIUI 9 ရဲ႕ပံုစံဘယ္လို ႐ွိတယ္ဆိုတာကို Screenshot ႐ိုက္ၿပီးရွဲဲခဲ့တယ္လုိ႔ သိရပါတယ္။
ဖုိရမ္အေပၚမွာတင္ထားတဲ့ အခ်က္အရXiaomi က MIUI 9 ကုိ ၾသဂုတ္လမတုိင္မီတရားဝင္မိတ္ဆက္မယ္လုိ႕ အတည္ျပဳႏိုင္မွာပါ။ ဒါ့အျပင္ Xiaomi က MIUI 9 ရရွိမယ့္ စမတ္ဖုန္းအခ်ိဳ႕ကုိလည္း ယခုကစၿပီး တစ္လေက်ာ္ေလာက္ထိေၾကညာသြားပါလိမ့္မယ္။ MIUI ရဲ႕ product manager ကလည္း  MIUI ရဲ႕ ပံုစံအသစ္ကုိ screenshot ရုိက္ၿပီးweiboမွာတင္ခဲ့ပါေသးတယ္။
သံုးစြဲသူေတာ္ေတာ္မ်ားမ်ားကေတာ့ MIUI 9 ရဲ႕ လုပ္ေဆာင္ခ်က္ အသစ္ကုိကုိယ္စားျပဳတဲ့ screenshot ေတြအေပၚမွာေဝခြဲမရျဖစ္ၾကေပမယ့္ Xiaomiအေနနဲ႔ ဒီ screenshot က MIUI ရဲ႕ theme အသစ္ကိုသာကိုယ္စားျပဳၿပီး MIUI 9 ရဲ႕ လုပ္ေဆာင္ခ်က္အသစ္ေတြကို ကိုယ္စားျပဳျပသခ်င္တာမဟုတ္ေၾကာင္း တုန္႔ျပန္ခဲ့ပါတယ္။
MIUI ရဲ႕ တာဝန္႐ွိသူေတြကမၾကာေသးခင္ကWeiboေပၚမွာဒီ screenshot ကို႐ွဲခဲ့တဲ့ အဓိကရည္ရြယ္ခ်က္ကေတာ့ Xiaomiကို ႏွစ္သက္တဲ့သူေတြကအသစ္ထြက္လာမယ့္ MIUI 9  အေၾကာင္းအရာအေပၚမွာ ဘယ္လိုထင္ၾကသလဲဆိုတာကို ျပန္သိခ်င္တာေၾကာင့္ ဆိုပါတယ္။
Xiaomi CEO Lei Jun က MIUI 9 က အရင္ဗားရွင္းေတြထက္ လုပ္ေဆာင္မႈပိုမိုအဆင္ေျပေစၿပီး နည္းပညာသစ္ေတြလည္း ပါဝင္လာမယ္လို႔ အေစာပုိင္းကေျပာခဲ့တာပါ။ MIUI 9 မွာ picture-in-picture နဲ႔ ဆမ္ေဆာင္းဖုန္းေတြမွာရေနၿပီျဖစ္တဲ့ split screen mode လိုလုပ္ေဆာင္ခ်က္ေတြပါဝင္လာမွာျဖစ္ၿပီိးဒါဟာ Android O အထိကို ဦးတည္ေနတာလည္း ျဖစ္ပါတယ္။ split-screen လုပ္ေဆာင္ခ်က္က Android 7.0 Nougat မွာ ပါ႐ွိတာျဖစ္ၿပီး MIUI 9 မွာလည္း ဒီထူးျခားတဲ့ လုပ္ေဆာင္ခ်က္ေတြ ပါရွိမွာျဖစ္ပါတယ္။
Xiaomiအေနနဲ႔ MIUI 8 stable ROM ကုိ မႏွစ္က ၾသဂုတ္လမွာ မိတ္ဆက္ခဲ့ၿပီး Dual Apps ၊ Second Space ၊ scrolling screenshot ၊ caller ID စတဲ့ လုပ္ေဆာင္ခ်က္ေတြကုိထည့္သြင္းေပးခဲ့ပါတယ္။

#gsmarena.com

သံစဥ္ခ်ဳိ

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal

-------------------------------------------------------------------------------------------------

(Unicode Version)

" Android 7.0 Nougat အခြေခံ MIUI 9 ကို သြဂုတ်လ ၁၆ ရက်မတိုင်မီ မိတ်ဆက်မည်ဟု Xiaomi မှ အတည်ပြု "
-----------------------------

Xiaomi က MIUI 9 ကိုလုပ်ဆောင်နေတယ်လို့ အရင်တစ်ပတ်ကအတည်ပြုခဲ့ပေမယ့် မိတ်ဆက်မယ့် ရက်ကိုတော့ ထုတ်ဖော်ပြောပြခြင်းမရှိခဲ့ပါဘူး။ ယခု MIUI ဖိုရမ် မှာကုမ္ပဏီက MIUI 9 နဲ့ Android 7.0 Nougat  ကို သြဂုတ်လမတိုင်မီမိတ်ဆက်မယ်လို့ ပြောကြားလိုက်ပါတယ်။ Xiaomiရဲ့ အကြီးအကဲကလည်းXiaomiအသုံးပြုသူတွေရဲ့ MIUI 9 အပေါ် မေးမြန်းမှုတွေကြောင့် MIUI 9 ရဲ့ပုံစံဘယ်လို ရှိတယ်ဆိုတာကို Screenshot ရိုက်ပြီးရှဲဲခဲ့တယ်လို့ သိရပါတယ်။
ဖိုရမ်အပေါ်မှာတင်ထားတဲ့ အချက်အရXiaomi က MIUI 9 ကို သြဂုတ်လမတိုင်မီတရားဝင်မိတ်ဆက်မယ်လို့ အတည်ပြုနိုင်မှာပါ။ ဒါ့အပြင် Xiaomi က MIUI 9 ရရှိမယ့် စမတ်ဖုန်းအချို့ကိုလည်း ယခုကစပြီး တစ်လကျော်လောက်ထိကြေညာသွားပါလိမ့်မယ်။ MIUI ရဲ့ product manager ကလည်း  MIUI ရဲ့ ပုံစံအသစ်ကို screenshot ရိုက်ပြီးweiboမှာတင်ခဲ့ပါသေးတယ်။
သုံးစွဲသူတော်တော်များများကတော့ MIUI 9 ရဲ့ လုပ်ဆောင်ချက် အသစ်ကိုကိုယ်စားပြုတဲ့ screenshot တွေအပေါ်မှာဝေခွဲမရဖြစ်ကြပေမယ့် Xiaomiအနေနဲ့ ဒီ screenshot က MIUI ရဲ့ theme အသစ်ကိုသာကိုယ်စားပြုပြီး MIUI 9 ရဲ့ လုပ်ဆောင်ချက်အသစ်တွေကို ကိုယ်စားပြုပြသချင်တာမဟုတ်ကြောင်း တုန့်ပြန်ခဲ့ပါတယ်။
MIUI ရဲ့ တာဝန်ရှိသူတွေကမကြာသေးခင်ကWeiboပေါ်မှာဒီ screenshot ကိုရှဲခဲ့တဲ့ အဓိကရည်ရွယ်ချက်ကတော့ Xiaomiကို နှစ်သက်တဲ့သူတွေကအသစ်ထွက်လာမယ့် MIUI 9  အကြောင်းအရာအပေါ်မှာ ဘယ်လိုထင်ကြသလဲဆိုတာကို ပြန်သိချင်တာကြောင့် ဆိုပါတယ်။
Xiaomi CEO Lei Jun က MIUI 9 က အရင်ဗားရှင်းတွေထက် လုပ်ဆောင်မှုပိုမိုအဆင်ပြေစေပြီး နည်းပညာသစ်တွေလည်း ပါဝင်လာမယ်လို့ အစောပိုင်းကပြောခဲ့တာပါ။ MIUI 9 မှာ picture-in-picture နဲ့ ဆမ်ဆောင်းဖုန်းတွေမှာရနေပြီဖြစ်တဲ့ split screen mode လိုလုပ်ဆောင်ချက်တွေပါဝင်လာမှာဖြစ်ပြီိးဒါဟာ Android O အထိကို ဦးတည်နေတာလည်း ဖြစ်ပါတယ်။ split-screen လုပ်ဆောင်ချက်က Android 7.0 Nougat မှာ ပါရှိတာဖြစ်ပြီး MIUI 9 မှာလည်း ဒီထူးခြားတဲ့ လုပ်ဆောင်ချက်တွေ ပါရှိမှာဖြစ်ပါတယ်။
Xiaomiအနေနဲ့ MIUI 8 stable ROM ကို မနှစ်က သြဂုတ်လမှာ မိတ်ဆက်ခဲ့ပြီး Dual Apps ၊ Second Space ၊ scrolling screenshot ၊ caller ID စတဲ့ လုပ်ဆောင်ချက်တွေကိုထည့်သွင်းပေးခဲ့ပါတယ်။

#gsmarena.com

သံစဉ်ချို

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal


Post a Comment

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.