မြန်မာ့ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင် အချို့က ဘင်္ဂါလီ ကျေးရွာတွေမှာ အမျိုးသမီး တွေကို မုဒိမ်းကျင့် တာတွေ ရှိတယ်လို့ စွပ်စွဲ ချက်နဲ့ ပတ်သက်လို့ ရခိုင် ပြည်နယ်ကို သွားရောက် လေ့လာ စုံစမ်းခဲ့တဲ့ နိုင်ငံတကာ သံတမန် တွေက အမျိုးသမီးတွေ မုဒိမ်းကျင့် ခံရတယ် ဆိုတာ မရှိဘူးလို့ အတည်ပြု
ပြောဆို လိုက်ပါတယ်။
မောင်တောနဲ့ ဘူးသီးတောင်တွေမှာ မြန်မာ့ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ ဝင်တွေက ကျေးရွာတွေမှာ မီးရှို့တာတွေ၊ လူ့အခွင့် အရေး ချိုးဖောက် တာတွေ ရှိနေ တယ်လို့ စွပ်စွဲမှုတွေ ရှိနေတဲ့နောက် ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ညှိနှိုင်းရေးမှူး မစ္စရီနာတာ ဒက်စ်ဆယ်လီယန် ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၀ ဦးပါ နိုင်ငံတကာ သံတမန်အဖွဲ့ဟာ ကျေးရွာတွေကို လေ့လာ စုံစမ်း ခဲ့ပါတယ်။
ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ ဌာနေညှိနှိုင်းရေးမှူး မစ္စရီနာတာက “ဒီလိုအခြေအနေမျိုးမှာ ကျမတို့ကို အစိုးရအနေနဲ့ ဘယ်စုံစမ်း စစ်ဆေးမှု မဆို ကောင်းတဲ့ လုပ်ရပ်တခု ဖြစ်မှာပါ။
အရေးကြီးဆုံး အချက်ကတော့ ကျမတို့အနေနဲ့ စွပ်စွဲချက်တွေ မှန်၊ မမှန်၊ ဟုတ်၊ မဟုတ် ဆိုတာကို ကျမတို့ အသေချာပြောလို့ မရပါဘူး။ ကျမတို့ကိုယ်တိုင် အဲဒီနေရာကို သွားရောက်ခဲ့တဲ့ အချိန်မှာတော့ မည်သည့်အမျိုးသမီး တဦးတယောက်မှ မုဒိမ်းကျင့်ခံရတယ်၊ အဓမ္မပြုကျင့်ခံရတယ် ဆိုတာ မရှိပါဘူး” လို့ ပြောပါတယ်။
ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ ဌာနေညှိနှိုင်းရေးမှူး မစ္စရီနာတာ ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၀ ဦးက နိုဝင်ဘာ ၃ ရက်နေ့ ညနေပိုင်း စစ်တွေလေဆိပ် ခန်းမဆောင် သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောကြားလိုက်တာပါ။
အခုလို ဖြစ်စဉ်တွေနောက်မှာ လူ့အခွင့်အရေး ချိုးဖောက်တာတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်လို့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ခဲ့တာဖြစ်တယ်လို့ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ
ဌာနေညှိနှိုင်းရေးမှူးက ပြောပါတယ်။
မောင်တောခရီးစဉ်နဲ့ပတ်သက်လို့ ဗြိတိန်သံအမတ်က အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီးတော့ ပါဝင်သူတွေကို ဖမ်းဆီးရမှာဖြစ်ပြီး တရားဥပဒေ အတိုင်း ဆောင်ရွက် ရမှာ ဖြစ်တယ် လို့လည်း ဆိုပါတယ်။
နိုင်ငံတကာနဲ့ ပြည်တွင်းမီဒီယာတချို့မှာ ဖော်ပြနေတဲ့ တပ်မတော်က နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ်ကာလအတွင်း အကြမ်းဖက်မှု ဖြစ်ပွားတဲ့
ကျေးရွာတွေမှာ မုဒိမ်းမှုတွေ ကျူးလွန်နေ တယ်လို့ စွပ်စွဲထားတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ ဒါဟာ တမင်တကာ လုပ်ကြံ ဖန်တီး ဖော်ပြ ထားခြင်း
ဖြစ်ကြောင်း၊ အချိန်မရွေး စုံစမ်းမေးမြန်းနိုင် ပါကြောင်းနဲ့ တကယ်လို့ ကျူးလွန်ကြောင်း ထင်ရှားပါက ထိရောက်စွာ ပြစ်ဒဏ်ပေး အရေးယူ မှုကိုလည်း ပွင့်လင်းမြင်သာစွာ ဆောင်ရွက်မှာ ဖြစ်တယ်လို့ အစိုးရ တာဝန်ရှိ သူတွေက သံတမန်တွေရဲ့ မေးမြန်းချက်ကို ဖြေကြား ထားပါတယ်။
ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူး အပါအဝင် တရုတ်၊ အီဂျစ်၊ ဥရောပသမဂ္ဂ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ထိုင်း၊ တူရကီ၊ အမေရိကန်နဲ့ ဗြိတိန် သံအမတ်ကြီးတွေနဲ့ သံရုံးအကြီး အကဲတွေ မောင်တောမြို့နယ်တွေက ကျေးရွာတွေကို နိုဝင်ဘာ ၂ ရက်နေ့ကနေ ၃ ရက်နေ့အထိ လေ့လာ ခဲ့ကြတာ ဖြစ်ပါတယ်။
အကြမ်းဖက်ခံရပြီးနောက် ကျေးရွာတွေက ထွက်ပြေးတိမ်းရှောင်လာတဲ့ လူတချို့ကိုလည်း အကူအညီပေးဖို့ အစိုးရနဲ့ သဘောတူခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ ဌာနေညှိနှိုင်းရေးမှူး ဦးဆောင်တဲ့ ၁၀ ဦး အဖွဲ့က ရခိုင်ပြည်နယ် လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံခဲ့ပါသေးတယ်။
( ဒီဗွီဘီ) မှတစ်ဆင့်
ပြန်လည် မျှဝေဖော်ပြထားခြင်းဖြစ်ပါသည်။
ကျွန်တော့်ရဲ့ Facebook ပေါ်ကနည်းပညာ Page လေးတွင် *Like & Follow လုပ်ထားရင်ဖြင့်
နောက်ဆုံးထွက် နည်းပညာ Update Post များစွာကိုမြင်ရမည်ဖြစ်တဲ့အတွက်ကြောင့်
Like & Follow လုပ်ဖို့ မမေ့နဲ့နော်...။
ADMIN: CHAN MYAE MAUNG
ပြန်လည် မျှဝေဖော်ပြထားခြင်းဖြစ်ပါသည်။
( ::::: ပိုစ့်တင်သူ-ချမ်းမြေ့မောင် ::::: )
ဝ===ဝ CHAN LAY (MCMM) ဝ===ဝ
( ::::: www.chanmyaemaung.net ::::: )
ချမ်းမြေ့ရဲ့ Facebook စာမျက်နှာသို့သွားရန် - ( နှိပ်လိုက်ပါ)
*******************************************************ကျွန်တော့်ရဲ့ Facebook ပေါ်ကနည်းပညာ Page လေးတွင် *Like & Follow လုပ်ထားရင်ဖြင့်
နောက်ဆုံးထွက် နည်းပညာ Update Post များစွာကိုမြင်ရမည်ဖြစ်တဲ့အတွက်ကြောင့်
Like & Follow လုပ်ဖို့ မမေ့နဲ့နော်...။
ADMIN: CHAN MYAE MAUNG
ကျေနပ်ကြလိမ့်မယ်လို့
မျှော်လင့်ပါတယ် ခင်ဗျာ... အဆင်မပြေမှုတစ်စုံတရာ နားလည်မှုမရှိမရှိခဲ့ပါက
ကျွန်တော် ချမ်မြေ့းရဲ့မှားယွင်းမှုပါခင်ဗျာ။
ချမ်းမြေ့ရဲ့ Blog Site လေးမှာ Post များဝင်ရောက်ရေးသားချင်တယ်ဆိုရင်တော့
လက်တွဲပြီး နည်းပညာပိုစ့်များရေးသားနိုင်ပါတယ်ခင်ဗျာ။
အကယ်၍ ချမ်းမြေ့ကို ဆက်သွယ်ချင်တယ်ဆိုရင်တော့အောက်က Mail သို့ဆက်သွယ်လိုက်ပါ ခင်ဗျာ...။
ကျွန်တော် ချမ်မြေ့းရဲ့မှားယွင်းမှုပါခင်ဗျာ။
ချမ်းမြေ့ရဲ့ Blog Site လေးမှာ Post များဝင်ရောက်ရေးသားချင်တယ်ဆိုရင်တော့
လက်တွဲပြီး နည်းပညာပိုစ့်များရေးသားနိုင်ပါတယ်ခင်ဗျာ။
အကယ်၍ ချမ်းမြေ့ကို ဆက်သွယ်ချင်တယ်ဆိုရင်တော့အောက်က Mail သို့ဆက်သွယ်လိုက်ပါ ခင်ဗျာ...။
info@chanmyaemaung.com
ချမ်းမြေ့မောင် ( IT-Zone )
**************************************************************************
Post a Comment
ယခု Website လေးကို ၀င်ရောက်လေ့လာဖတ်ရှုကြခဲ့သော မိတ်ဆွေအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
အကယ်၍အဆင်မပြေမှု တစ်စုံတရာရှိခဲ့ပါက..
ယခုအောက်က Comment Box တွင် ...Comment ချန်ခဲ့ပြီး
အကြောင်းကြားနိုင်ပါတယ် ခင်ဗျာ...။
မိကောင်းဖခင် သားသမီးဆိုရင်
ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုခြင်းသည်းခံပါ မိတ်ဆွေ!