Ubuntu 16.04 LTS မှာ Gedit version 3.10 ကို ထည့်သွင်းလို သူတွေအနေနဲ့ အောက်ဖော်ပြပါအတိုင်း ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။ အသစ်ထပ်မံ ထုတ်ပေးလိုက်တဲ့ Gedit 3.10 ဟာ Ubuntu OS 16.04 မှာ built-in ပါဝင်တဲ့ Gedit ထက် သွင်ပြင်ပိုင်းမှာ ပိုမိုကောင်းမွန်တာကို တွေ့မြင်ရမှာပါ။
Ubuntu OS မှာ Gedit version 3.10 ကိုထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီ ဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေ ကို အရင် Update ပြုလုပ်ရမှာဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပြီဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါ မယ်။
နောက်တစ်ဆင့်ကတော့ Gedit version 3.10 ကို ထည့်သွင်းဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာထည့်သွင်း ပေးရပါမယ်။ အသုံးပြုရမယ့် command ကတော့ -
sudo apt-add-repository ppa:mc3man/older
sudo apt update && sudo apt install gedit gedit-plugins gedit-common
ဆိုတဲ့ command တွေပဲ ဖြစ်ပါတယ်။ အဆိုပါ command တွေကို ထည့်သွင်းပြီးပြီဆိုရင် ခဏစောင့်ဆိုင်း ပေးရပါမယ်။
Gedit နဲ့ သက်ဆိုင်တဲ့ Package တွေကို download ပြုလုပ်ပြီး Ubuntu OS ထဲကို တစ်ခါတည်း ထည့်သွင်းပေးမှာ ဖြစ်တဲ့အတွက် ခေတ္တ စောင့်ဆိုင်းပေးရပါမယ်။ Install ပြုလုပ်တဲ့ အဆင့်တွေပြီး သွားပြီဆိုရင် Gedit ကို အသုံးပြုဖို့အတွက် gedit file name ဆိုတဲ့ command ကို အသုံးပြုပြီး Gedit ကို သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။
( :: ပိုစ့်တင်သူ-ချမ်းမြေ့မောင် :: )
CHAN LAY (MCMM)
www.chanmyaemaung.net
My Facebook Wall- (HERE)
ကျွန်တော့်ရဲ့ Facebook ပေါ်ကနည်းပညာ Page လေးသို့လည်း *LIKE လုပ်ပြီး Update နည်းပညာများဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ...။
ADMIN:CHAN LAY
ကျေနပ်ကြလိမ့်မယ်လို့
မျှော်လင့်ပါတယ် ခင်ဗျာ... အဆင်မပြေမှုတစ်စုံတရာ နားလည်မှုမရှိမရှိခဲ့ပါက...
ကျွန်တော် ချမ်းလေးရဲ့...မှားယွင်းမှုပါခင်ဗျာ...။ ကျွန်တော်ရဲ့ Page
လေးမှာ Post လေးတွေများ ၀င်ရောက်လက်တွဲပြီး နည်းပညာပိုစ့်များရေးသားနိုင်ပါတယ်ခင်ဗျာ...။ အကယ်၍
ကျွန်တော်ကို ဆက်သွယ်ချင်တယ်ဆိုရင်တော့အောက်က Mail သို့ဆက်သွယ်လိုက်ပါ
ခင်ဗျာ...။
mr.chanmyaemaung.cmm@engineer.com
Post a Comment