April 27, 2025

Run Dialog Box ကို Disable ပြုလုပ်ထားခြင်း


မိတ်ဆက်

==========
Run Dialog box ဟာ Windows ပေါ်မှာ အသုံးများတဲ့ Tools တစ်ခုဖြစ်ပါတယ်။ အဆိုပါ Run box ကနေ Windows အတွင်းရှိ လုပ်ဆောင်ချက် အတော်များများကို command များဖြင့် ရိုက်ထည့်ပြီး လုပ်ဆောင်နိုင်မှာ  ဖြစ်ပါတယ်။ Run box ကို အသုံးမပြုစေချင်တဲ့ အခါမျိုးမှာလည်း ပိတ်ထားနိုင်မှာ ဖြစ်ပါတယ်။ Run box ကို disable ပြုလုပ်ဖို့အတွက် Registry နဲ့  Group Policy တို့ကနေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

လက်တွေ့လုပ်ဆောင်ရန်

==================

Run box ကို Registry ကနေ ပိတ်ဖို့အတွက် Win + R key ကိုနှိပ်ပြီး Run box ကို ခေါ်လိုက်ပါ။ ပြီးသွားရင် regedit ဆိုတဲ့ command ကို ရိုက်ထည့်ရပါမယ်။ Registry editor ထဲကို ရောက်သွားပြီဆိုရင် HKEY_CURRENT_USER\SOFTWARE\Microsoft\ Windows\Current\Version\Policies ဆိုတဲ့ လမ်းကြောင်းအတိုင်း တစ်ဆင့်ချင်းစီ သွားရပါမယ်။ Policies အောက်ကို ရောက်ပြီဆိုရင် Policies ကို Right click နှိပ်ပြီး New > key ကို ရွေးချယ်ပေးရပါမယ်။ ပြီးသွားရင် Explorer ဆိုတဲ့ အမည်ကို ပေးလိုက်ပါ။


Explorer အမည်ပေးပြီးရင် ညာဘက်အခြမ်း panel မှာ Right click နှိပ်ပြီး New > DWORD (32bit) Value ဆိုတာကို ရွေးချယ်ပေးရပါမယ်။ ဖိုင်နာမည်ကို No Run လို့ အမည်ပေးလိုက်ပါ။ ပြီးသွားရင် အဆိုပါ ဖိုင်ကို Double-click နှိပ်ပြီး Value data မှာ 1 လို့ သတ်မှတ်ပေးလိုက်ပါ။ သတ်မှတ်ပြီး သွားပြီဆိုရင် Ok button ကို နှိပ်ပြီး Registry ကနေ ထွက်လိုက်ပါ။ ဒါဆိုရင် Run box ကို registry ကနေ disable ပြုလုပ်တဲ့ အဆင့်ပြီးသွားပြီ ဖြစ်ပါတယ်။

Group Policy ကနေ Run box ကို disable ပြုလုပ်မယ်ဆိုရင် Run box ကနေ gpedit.msc ဆိုတဲ့ command ကို ရိုက်ထည့်ရပါမယ်။ Group Policy Editor box ကျလာရင် User Configuration -> Start Menu and Taskbar ဆိုတာကို ရွေးချယ်ပေးရပါမယ်။ ပြီးသွားရင် Remove Run menu from Start Menu ဆိုတာကို ရှာပါ။ တွေ့ပြီဆိုရင် double-click နှိပ်လိုက်ပါ။ အဆိုပါဖိုင်ကို double-click နှိပ်ပြီးရင် Enable ဆိုတာကို ရွေးချယ်ပေးပြီး Group Policy ကနေ ထွက်လိုက်ရင် Run box ကို disable ပြုလုပ်တဲ့ အဆင့် ပြီးဆုံးပြီ ဖြစ်ပါတယ်။



တောင်းဆိုချက်

========

ကျွန်တော် ဒီ Post လေးကို... Normal Beginner သမားများအတွက်...သာ ရည်ရွယ်၍ ပြောပြ ဖြေရှင်းပေးခြင်းသာ... ဖြစ်ပါသည်။

ကျွန်တော့်ကို ဖောင်းထုကာ လာရောက်ဆဲဆိုမည်ဆိုရင်တော့... ကိုယ့်အကျင့်စရိုက်ကို သက်သက်ဖော်ပြတာနဲ့တူတူပဲနော်...

ဘာပဲဖြစ်ဖြစ် ကျွန်တော်က... Beginner တစ်ယောက်မို့... ကူးယူဖော်ပြရင် Credit ကို လေးစားစွာ ပေးမယ်... ကိုယ်ပိုင် ဝေမျှရင်တော့... လွပ်လပ်စွာ... ပြောဆိုမယ်...

ယခုလိုပြောဆိုရခြင်းအတွက်လည်း... နားလည်ပေးပါနော်...

ကျေးဇူးတင်ပါတယ်...ဗျာ...

အားလုံးပဲ ကျန်းမာချမ်းသာကြပါစေ...လို့ ကျွန်တော် ချမ်းမြေ့မောင်မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်...နော်...။ :)

ဆက်လက်ကြိုးစားပါအုံးမည်...။


( :: ပိုစ့်တင်သူ-ချမ်းမြေ့မောင် :: )

CHAN LAY (MCMM)

www.chanmyaemaung.net


My Facebook Wall- (HERE)



ကျွန်တော့်ရဲ့ Facebook ပေါ်ကနည်းပညာ Page လေးသို့လည်း *LIKE လုပ်ပြီး Update နည်းပညာများဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ...။



ADMIN:CHAN LAY
ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် ခင်ဗျာ... အဆင်မပြေမှုတစ်စုံတရာ နားလည်မှုမရှိမရှိခဲ့ပါက... ကျွန်တော် ချမ်းလေးရဲ့...မှားယွင်းမှုပါခင်ဗျာ...။ ကျွန်တော်ရဲ့ Page လေးမှာ Post လေးတွေများ ၀င်ရောက်လက်တွဲပြီး နည်းပညာပိုစ့်များရေးသားနိုင်ပါတယ်ခင်ဗျာ...။ အကယ်၍ ကျွန်တော်ကို ဆက်သွယ်ချင်တယ်ဆိုရင်တော့အောက်က Mail သို့ဆက်သွယ်လိုက်ပါ ခင်ဗျာ...။
mr.chanmyaemaung.cmm@engineer.com
ချမ်းလေး ( MCMM )

Download Link တွင်ကြော်ငြာလင့်ခ်ပါလာခဲ့သော်...အောက်ပါနည်းအတိုင်းပြုလုပ်ပေးပါ။


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။












Post a Comment

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.