July 4, 202507:35:56 PM

တရုတ်သတင်းထောက် ၃ ဦးကို အိန္ဒိယနိုင်ငံအတွင်းမှ မောင်းထုတ်




နယူးဒေလီ ၊ ၂၅-၇-၂၀၁၆

အိန္ဒိယနိုင်ငံရှိ ထောက်လှမ်းရေး အေဂျင်စီ၏ သတင်း ပေးချက် အရ တရုတ် သတင်း ဌာန တစ်ခုဖြစ်သည့် Xinhua သတင်း ဌာနတွင် အလုပ် လုပ် နေသည့် သတင်းထောက် သုံးဦးကို နိုင်ငံ အတွင်းမှ နှင်ထုတ်ရန် အိန္ဒိယ အစိုးရက ဆုံးဖြတ် ခဲ့ကြောင်း သိရသည်။

နယူးဒေလီမြို့ရှိ Xinhua သတင်း အေဂျင်စီမှ ဝူချင်နှင့် ၄င်း၏ မိတ်ဆွေနှစ်ဦး ဖြစ်သည့် လူထန် နှင့် ရှီယောင်ဂန်းတို့အား ဇူလိုင် ၃၁ ရက် နောက်ဆုံးထား ၍ နိုင်ငံအတွင်း မှ ထွက်ခွာရန် အိန္ဒိယ အစိုးရက လွန်ခဲ့သော ရက်သတ္တပတ် တွင် တောင်းဆို ခဲ့ကြောင်း သတင်း အရင်းအမြစ် အချို့က ထုတ်ပြန် ထားသည်။

အိန္ဒိယ အစိုးရက တရုတ် ဂျာနယ်လစ် များအား နိုင်ငံအတွင်းမှ ယခုကဲ့သို့ နှင်ထုတ်မှု သည် ပထမဆုံး အကြိမ်ဖြစ်ပြီး ၄င်း သတင်းထောက် သုံးဦးသည် နိုင်ငံသားများ အသွင် ဟန်ဆောင်၍ အခြားအမည် များဖြင့် အစိုးရ ကန့်သတ် ထားသော အဆောက် အအုံ များသို့ သွားရောက် လည်ပတ် ခဲ့ကြောင်း ထောက်လှမ်းရေး အေဂျင်စီ က သတင်းပေး ထုတ်ပြန် ထားသည်။

ထို့ပြင် တာဝန်ရှိသူ များသည် ၄င်း သတင်းထောက် များ၏ နိုင်ငံကူး လက်မှတ်များ ကိုလည်း ဖျက်သိမ်းရန် ညွှန်ကြား ထားကြောင်း သတင်းဌာန အချို့က ထုတ်ပြန် ထားသည်။

၎င်း သတင်းထောက် များအနက် ဝူချင် သည် နိုင်ငံကူး လက်မှတ် သက်တမ်း တိုးမြှင့်၍ အိန္ဒိယ နိုင်ငံအတွင်း ခြောက်နှစ်ခန့် နေထိုင်ခဲ့ဖူးပြီး ကျန်နှစ်ဦး မှာလည်း နိုင်ငံ အတွင်း ယင်းကဲ့သို့ သက်တမ်း တိုးမြှင့်ကာ နေထိုင်ခဲ့ကြောင်း သိရသည်။



( :: ပိုစ့်တင်သူ-ချမ်းမြေ့မောင် :: )

ဝ===ဝ CHAN LAY (MCMM) ဝ===ဝ

www.chanmyaemaung.net/


  My Facebook Wall- (HERE)

====================

ကျွန်တော့်ရဲ့ Facebook ပေါ်ကနည်းပညာ Page လေးသို့လည်း *LIKE လုပ်ပြီး Update နည်းပညာများဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ...။



ADMIN:CHAN LAY
ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် ခင်ဗျာ... အဆင်မပြေမှုတစ်စုံတရာ နားလည်မှုမရှိမရှိခဲ့ပါက... ကျွန်တော် ချမ်းလေးရဲ့...မှားယွင်းမှုပါခင်ဗျာ...။ ကျွန်တော်ရဲ့ Page လေးမှာ Post လေးတွေများ ၀င်ရောက်လက်တွဲပြီး နည်းပညာပိုစ့်များရေးသားနိုင်ပါတယ်ခင်ဗျာ...။ အကယ်၍ ကျွန်တော်ကို ဆက်သွယ်ချင်တယ်ဆိုရင်တော့အောက်က Mail သို့ဆက်သွယ်လိုက်ပါ ခင်ဗျာ...။
mr.chanmyaemaung.cmm@engineer.com
ချမ်းလေး ( MCMM )

Post a Comment

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.