အခုထွက်ရှိလာတဲ့ ပုံစံဒီဇိုင်းတွေဟာ စိတ်ကူးထားတုန်း အခြေနေပဲ ရှိသေးတဲ့အတွက်ကြောင့် တကယ့်လက်တွေ့ ဖြစ်နို်င်မဖြစ်နိုင်ဆိုတဲ့အချက်နဲ့ ဈေးကွက်နဲ့ ကိုက်ညီမှု ရှိမရှိဆိုတာကိုလည်း စဉ်းစားနေရပါသေးတယ်။ Nokia ဟာ ၄င်း စိတ်ကူးယဉ်ဆန်တဲ့ စမတ်ဖုန်းကိုတော့ Morph လို့ အမည်ပေးထားပါတယ်။ Nokia ရဲ့ Morph ဖုန်းဟာ မျက်နှာပြင်ကို ထိုးဖောက်မြင်နိုင်စွမ်းများ၊ မျက်နှာပြင်ပေါ်မှာ စိတ်ကြိုက် ရေးခြစ်နိုင်ခြင်း၊ ကွေးနိုင်ဆန့်နိုင်ခြင်း၊ အံ့သြဖွယ်ရာ ခိုင်မာမှုရှိခြင်း အပြင် အခြားစမတ်ဖုန်းများနဲ့မတူတဲ့ ပုံစံများပြောင်းလဲနိုင်ခြင်း စတဲ့အချက်တွေနဲ့ ပေါင်းစပ် ဖွဲ့စည်းထားမယ်လို့ ထုတ်ပြန်ကြေငြာထားပါတယ်။ Nokia ဟာ Morph ဖုန်းကို Nanoscience ဆိုတဲ့ နည်းပညာအသုံးပြုထားတာဖြစ်တယ်လို့ United Kingdom မှာရှိတဲ့ Cambridge Nanoscience Center ကပြောကြားထားပါတယ်။
Morph ဖုန်းရဲ့ ထိုးဖောက်မြင်နိုင်တဲ့ မျက်နှာပြင်ဟာ နေရောင်ခြည် စွမ်းအားကို စုပ်ယူ သုံးစွဲနိုင်တဲ့ ဆိုလာစွမ်းအား အသုံးပြုမှုကို အခြေခံထားပါတယ်။ အသုံးပြုထားတဲ့ ဘက်ထရီဟာ သေငယ်ပြီး ကြာရှည်ခံနိုင်ကာ အားသွင်းနှုန်းလည်း မြန်ဆန်လာမှာဖြစ်ပါတယ်။ စင်ဆာများနဲ့ပေါင်းစပ်ထားတဲ့ အတွက်ကြောင့်လည်း မိမိရဲ့ ပတ်ဝန်းကျင်နဲ့ အဆင်ပြေပြေ ကိုက်ညီစွာ လုပ်ဆောင်နိုင်စေမယ်လို့ အသုံးပြုသူတို့က ထင်ကြေးပေးနေကြပါတယ်။
Ref ===> Technology Vista
Credit To... (Aung Ko Htet)
ပိုစ့်တင်သူ ( ::: ချမ်းမြေ့မောင် ::: )
CHAN LAY (MCMM)
www.chanmyaemaung.net
My Facebook Wall- (HERE)
ကျွန်တော့်ရဲ့ Facebook ပေါ်ကနည်းပညာ Page လေးသို့လည်း *LIKE လုပ်ပြီး Update နည်းပညာများဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ...။
ADMIN:CHAN LAY
ကျေနပ်ကြလိမ့်မယ်လို့
မျှော်လင့်ပါတယ် ခင်ဗျာ... အဆင်မပြေမှုတစ်စုံတရာ နားလည်မှုမရှိမရှိခဲ့ပါက...
ကျွန်တော် ချမ်းလေးရဲ့...မှားယွင်းမှုပါခင်ဗျာ...။ ကျွန်တော်ရဲ့ Page
လေးမှာ Post လေးတွေများ ၀င်ရောက်လက်တွဲပြီး နည်းပညာပိုစ့်များရေးသားနိုင်ပါတယ်ခင်ဗျာ...။ အကယ်၍
ကျွန်တော်ကို ဆက်သွယ်ချင်တယ်ဆိုရင်တော့အောက်က Mail သို့ဆက်သွယ်လိုက်ပါ
ခင်ဗျာ...။
Post a Comment