June 5, 2025

MPT ၏ နံပါတ်အဟောင်းမှ နံပါတ်အသစ်သို့ပြောင်းသူများ ၂၀၁၇ ဇူလိုင်အထိ Call Forward အခမဲ့ သုံးနိုင်မည် ဟုဆို - By CHAN LAY (MCMM)




MPT မှ ဖုန်းနံပါတ်အချို့ကိုပြောင်းလဲမည်ဖြစ်ရာ နံပါတ်ဟောင်းမှ နံပါတ်အသစ်သို့ပြောင်းသူများ ၂၀၁၇ ဇူလိုင် အထိ Call Forward အခမဲ့ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရေနံချောင်းစက်မှုဇုန် အိတ်ချိန်းနယ်မြေအတွင်း အော်တိုတယ်လီဖုန်းများအား ခေတ်မီ အိတ်ချိန်းစက်များနှင့် ပြောင်းလဲမည်ဖြစ်ရာ ယင်းဖုန်းများ အခမဲ့အသုံးပြုနိုင်မည်ဖြစ်သည်။ အဆိုပါနံပါတ် အဟောင်းမှ နံပါတ်အသစ်သို့ ပြောင်းလဲနေစဉ်ကာလအတွင်း MPT ၏ ၀န်ဆောင်မှု Call Forward ကို ၂၀၁၇ ဇူလိုင်လကုန်အထိ အခမဲ့ပေးထားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ Call Forwarding ၀န်ဆောင်မှုမှာ လက်ခံရရှိသော အ၀င်ခေါ်ဆိုမှုများအား အခြားနံပါတ်တစ်ခုသို့ လွှဲပြောင်းပေးနိုင်သည့် ၀န်ဆောင်မှုဖြစ်သည်။

လက်ခံရရှိသော အ၀င်ခေါ်ဆိုမှုများအား MPT မိုဘိုင်းဖုန်းနှင့် ကြိုးဖုန်းများအပါအ၀င် ပြည်တွင်းဖုန်းနံပါတ်များ အားလုံးသို့ လွှဲပြောင်းပေးနိုင်ပြီး ၀န်ဆောင်မှုမှာ အခမဲ့ဖြစ်သော်လည်း လွှဲပြောင်းခြင်း အတွက် သတ်မှတ်ကျသင့်ငွေများ ပေးချေရမည်ဖြစ်သည်။ လွှဲပြောင်းသူမှာ ဆွေသဟာအသုံးပြုပါက တစ်မိနစ်လျှင် ၂၃ ကျပ်နှုန်း ကျသင့်မည်ဖြစ်ပြီး ရိုးရိုးနှုန်းထားအသုံးပြုပါက တစ်မိနစ်လျှင် ၅၀ ကျပ်၊ အသုံးပြုသူနည်းသည့် အချိန် ည ၁၁ နာရီနောက်ပိုင်းအတွက် ၂၅ ကျပ် ကျသင့်မည်ဖြစ်ကြောင်း၊ ပြည်ပသို့ ဆင်းမ်ကတ်ယူဆောင်သွားမည် ဆိုပါက Call Forwarding ၀န်ဆောင်မှုအား ခေတ္တပိတ်ထားပြီးမှ ယူဆောင်သွားရန် အကြံပြုထားကြောင်း သိရသည်။

ရေနံချောင်းစက်မှုဇုန်အိတ်ချိန်း ဧရိယာအတွင်း လက်ရှိအသုံးပြုနေသော ဖုန်းနံပါတ် ၀၆၀-၃၀××× အား အသစ်ပြောင်းလဲမည့် ဖုန်းနံပါတ် ၀၆၀-၈၈၀-၀××× သို့ ပြောင်းလဲသွားမည်ဖြစ်ကြောင်းနှင့် ဇူလိုင်လ ၁ ရက်နေ့ တွင် ပြောင်းလဲမည်ဖြစ်ကြောင်း ကြေညာထားသည်။



Credit To... ( Internet Journal)

ပိုစ့်တင်သူ ( ::: ချမ်းမြေ့မောင် ::: )

CHAN LAY (MCMM)

www.chanmyaemaung.net


My Facebook Wall- (HERE)



ကျွန်တော့်ရဲ့ Facebook ပေါ်ကနည်းပညာ Page လေးသို့လည်း *LIKE လုပ်ပြီး Update နည်းပညာများဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ...။



ADMIN:CHAN LAY
ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် ခင်ဗျာ... အဆင်မပြေမှုတစ်စုံတရာ နားလည်မှုမရှိမရှိခဲ့ပါက... ကျွန်တော် ချမ်းလေးရဲ့...မှားယွင်းမှုပါခင်ဗျာ...။ ကျွန်တော်ရဲ့ Page လေးမှာ Post လေးတွေများ ၀င်ရောက်လက်တွဲပြီး နည်းပညာပိုစ့်များရေးသားနိုင်ပါတယ်ခင်ဗျာ...။ အကယ်၍ ကျွန်တော်ကို ဆက်သွယ်ချင်တယ်ဆိုရင်တော့အောက်က Mail သို့ဆက်သွယ်လိုက်ပါ ခင်ဗျာ...။
mr.chanmyaemaung.cmm@engineer.com
ချမ်းလေး ( MCMM )



**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။












Post a Comment

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.