June 1, 2025

Mac ပေါ်ကနေ iCloud Email တစ်ခု ဘယ်လိုပြုလုပ်မလဲ

Apple account တစ်ခုဖြစ်တဲ့ iCloud email ကို Mac OS အသုံးပြုထားတဲ့ ကွန်ပျူတာတွေ ပေါ်ကနေ အလွယ်တကူ ဖန်တီးပြုလုပ် ချင်သူတွေအနေနဲ့ အောက်ဖော်ပြပါ နည်းလမ်းအတိုင်း ဖန်တီးပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။Cloud email တစ်ခုပြုလုပ်ဖို့အတွက် Mac OS ရဲ့ ဘယ်ဘက်ထောင့်အပေါ်နားလေးမှာရှိတဲ့Applelogo လေးကို နှိပ်လိုက်ပါ။
ပြီးသွားရင် System Preferences ဆိုတာကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ System Preferences အောက်ကို ရောက်သွားပြီဆိုရင် iCloud ဒါမှမဟုတ် Internet Accounts ဆိုတဲ့ Option နှစ်ခုကို တွေ့ရပါမယ်။ နှစ်နေရာစလုံးကနေ လုပ်ဆောင်နိုင်ပါတယ်။ နှစ်သက်ရာတစ်ခုကို ရွေးချယ်လိုက်ပါ။ ပြီးသွားရင် Mail  ဆိုတာကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။Mail ဆိုတာကို ရွေးချယ်ပေးပြီးရင် Email Address အသစ်တစ်ခု ပြုလုပ်မှာ ဖြစ်တဲ့အတွက် Create ကို နှိပ်ရပါမယ်။ ပြီးသွားရင် Choose and iCloud  email address ဆိုတဲ့နေရာမှာ ကိုယ်ထည့်သွင်း အသုံးပြုချင်တဲ့ User Name ကို ထည့်သွင်းကြည့်ပါ။ အဆိုပါ နာမည်ကို အခြားသူများ ယူမသုံးသေးဘူးဆိုရင် Account ကို Create ပြုလုပ်ဖို့အတွက် Ok ကို နှိပ်ရမှာ ဖြစ်ပါတယ်။ဒီနေရာမှာ မိမိထည့်သွင်းထားတဲ့ အကောင့်နာမည်ကို သေချာကြည့်ပြီး စစ်ဆေးရန်အတွက် email address ကို အတည်ပြုမှာလားဆိုတဲ့ message box  တက်လာပါလိမ့်မယ်။ မှန်တယ်ဆိုရင် Create ကို နှိပ်ပြီး အတည်ပြု လိုက်ပါ။ iCloud email ကို ပြုလုပ်ပြီးသွားပြီဆိုရင် iMessage တို့ Facetime တို့မှာပါ ထည့်သွင်းမလားဆိုတဲ့ Message box ကို တွေ့ရပါမယ်။ နှစ်သက်သလို ရွေးချယ်နိုင်ပါတယ်။ အဆိုပါ အဆင့် ပြီးသွားပြီဆိုရင် Mac OS အသုံးပြုထားတဲ့ ကွန်ပျူတာပေါ်ကနေ iCloud domain နှင့် apple email account တစ်ခုကို ရယူသုံးစွဲနိုင်ပြီ ဖြစ်ပါတယ်။





Post a Comment

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.