Call Blocking ကို Third Party လို့ခေါ်တဲ့ AndroidApp ကို အသုံးပြုပြီး လုပ်တဲ့အကြောင်းကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ အဲဒီလို လုပ်ဖို့အတွက် Mr. Number ဆိုတဲ့ App ကို လိုအပ်မှာဖြစ်ပါတယ်။ https://play.google.com/store/apps/details?id=com.mrnumber.blocker ခုဖော်ပြပေးထားတဲ့ Google PlayStore လင့်ခ်ကနေ ရယူနိုင်မှာဖြစ်ပါတယ်။ App ကို ဖုန်းထဲ ထည့်သွင်းပြီးပြီ ဆိုရင်တော့ အောက်ပါအတိုင်းလုပ် ဆောင်လိုက်ရုံပဲ ဖြစ်ပါတယ်။
ဖုန်းထဲက mr number app ကို ဖွင့်လိုက်ပါ။ ပြီးရင်တော့ ပုံမှာပြထားတဲ့အတိုင်း အစက်ကလေး သုံးစက်ပုံစံလေးကို နှိပ်လိုက်ပါ။
အဲလို နှိပ်လိုက်ရင်တော့ စာသားတွေပါဝင်တဲ့ menu တစ်ခု ပေါ်လာမှာဖြစ်ပြီး အဲဒီထဲကမှ Settings ဆိုတာကိုရွေးပေးရမှာ ဖြစ်ပါတယ်။
Settings စနစ်ထဲရောက် သွားရင်တော့ Blocking Enabled ဆိုတဲ့ စာသားကိုရှာပြီး နှိပ်ပါ။
Call Blocking စနစ်ထဲကို ရောက်ရင်တော့ Blocking Enabled ဆိုတဲ့စာသားဘေးက ခလုတ်လေးက အပြာရောင်လေး ဖြစ်နေပါမယ်။ ပြီးရင်တော့ Numbers on my block list ဆိုတဲ့ စာသားကို နှိပ်လိုက်ပါ။
Numbers on my block list စာသားကို နှိပ်လိုက်ရင်တော့ အောက်ပါအတိုင်း ပေါ်လာမှာဖြစ်ပြီး မိမိ Block လုပ်ချင်တဲ့ နံပါတ်ထည့်သွင်းပြီး Block လုပ်နိုင်မှာဖြစ်သလို Select from contacts ကို ရွေးပြီး contacts ထဲက နာမည်ကိုရွေးပြီး Block လုပ်နိုင်မှာပဲ ဖြစ်ပါတယ်။
ကိုယ်မသိတဲ့သူ၊ မနှစ်သက်တဲ့ သူတွေဆီက ဖုန်းအဝင်ခေါ်ဆိုမှုတွေ၊ မက်ဆေ့ခ်ျစတာတွေကို ဖုန်းကနေ အခုလိုမျိုး အလိုအလျောက် Block လုပ်ပိတ်ထားနိုင်မှာ ဖြစ်ပါတယ်။
အားလုံးကိုကျေုးဇူးတင်ပါတယ်
Credit- ရဲထွဋ်ဝင်း(အင်တာနက်ဂျာနယ်)
Post a Comment