June 15, 2025

ရန်ကုန်တိုင်းအတွင်းရှိ ဈေးများကို အဆင့်မြှင့်ရန် တိုင်းလွှတ်တော် အတည်ပြု...





လွှတ်တော်က အတည်ပြု ပေးခဲ့တဲ့ ရန်ကုန်တိုင်း အတွင်း ဈေးတွေကို ဈေးအင်္ဂါရပ်နဲ့ အညီ အဆင့်မြှင့် တင်ဖို့ ကိစ္စကို အမြန်ဆုံး အကောင် အထည်ဖော်ဖို့ မျှော်လင့်နေ ကြပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ဈေးအင်္ဂါရပ်နဲ့မညီတဲ့ ဈေးတွေကို ရန်ကုန်မြို့တော်စည်ပင် ဈေးများဌာန စီမံခန့်ခွဲမှုအောက်မှာထားပြီး အဆင့်မြှင့်တင်ဖို့ ကိစ္စကို ရန်ကုန်တိုင်း လွှတ်တော်က ဇွန်လ ၂ ရက်နေ့ ရန်ကုန်တိုင်းလွှတ်တော်မှာ အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို အတည်ပြုပေးခဲ့တဲ့ကိစ္စကို အမြန် အကောင်အထည်ဖော်ဖို့လည်း ပျံကျဈေးသည်တွေက လိုလားနေပါတယ်။

“နိုင်ငံတော်ကနေပြီးတော့ ကျနော်တို့ ဈေးသူဈေးသားတွေကို ဈေးတဈေးလောက် အဆင်ပြေအောင် လုပ်ပေးနိုင်ရင်တော့ ပိုကောင်းတာပေါ့နော်။ အဲဒီအခါကျရင် ကျနော်တို့ ဈေးသည်တွေ အနေနဲ့လည်း စည်းကမ်းတကျနဲ့ ဈေးရောင်းကြရမယ်။ အသားငါးဆိုရင်လည်း လတ်လတ်ဆတ်ဆတ်နဲ့ ရောင်းချလို့ရတာပေါ့။ အခုကတော့ တိုးတိုးခွေ့ခွေ့နဲ့ ရောင်းချနေရတာကိုး။ အဲဒီအခါမျိုးကျတော့ ကျနော်တို့အနေနဲ့ကလည်း အားနည်းချက် နည်းနည်းရှိတယ်ပေါ့။ ဘာကြောင့်လဲဆိုတော့ သန့်ရှင်းရေးပိုင်း ဘာညာကအစ၊ တကယ်လို့ စည်ပင်သာယာဈေးကြီးလို သူ့ဈေးနဲ့သူ လုပ်ထားပေးမယ်ဆိုရင်၊ ဈေးဆိုင်ခန်းနဲ့ ဘာနဲ့ဆိုရင် ကျနော်တို့ အဆင်ပြေတာပေါ့” လို့ ဈေးသည်တဦးဖြစ်တဲ့ ဦးမြင့်ကျော်က ပြောပါတယ်။

ရန်ကုန်တိုင်းအတွင်း ဈေးတွေကို ဈေးအင်္ဂါရပ်နဲ့အညီ ပြန်လည်ပြုပြင်တဲ့ကိစ္စက စနစ်တကျနဲ့ သေချာ အကောင်အထည်ဖော်ရမှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ က လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်ကလည်း ပြောပါတယ်။

“ဒါတွေက ပွင့်ပွင့်လင်းလင်းပြောရရင် တော်တော်လေးကို ရန်ကုန်တိုင်းမှာ အရေးကြီးတဲ့ကိစ္စ တရပ်ထဲမှာပါတယ်။ လမ်းဘေးမှာ ဈေးရောင်းနေကြတဲ့ကိစ္စ၊ ဈေးထဲမှာကို မရောင်းကြတော့ဘူး။ နောက်တခါ ဈေးတွေရဲ့ ပျက်စီးယိုယွင်းမှုကိစ္စ၊ နောက်တခါ ဈေးတွေက ရရှိတဲ့အခွန်အကောက်နဲ့ နိုင်ငံတော်ရဲ့ ၀င်ငွေတွေကလည်း တော်တော်လေးကို ပြန်လည်သုံးသပ်ရမယ့် အခြေအနေ ဖြစ်တဲ့အတွက် ပြုပြင်ပြောင်းလဲတဲ့ စီမံခန့်ခွဲမှု စနစ်အနေနဲ့ ဆောင်ရွက်ရမယ့် သဘောတရားတွေ ရှိပါတယ်။ ဒါကို ကျနော်တို့က ဒီအဆိုနဲ့ ရန်ကုန်တိုင်းအစိုးရကို ပွင့်ပွင့်လင်းလင်းပြောရရင် လုပ်ခိုင်းတာဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဈေးတွေကို အဆင့်မြှင့်တင်မှုတွေ လုပ်တဲ့အခါမှာ ဈေးသည်တွေရဲ့ သဘောထားတွေ၊ အကြံပြုချက်တွေကို နားထောင်ဖို့ လိုအပ်တယ်လို့ ဈေးသည်တဦးဖြစ်တဲ့ ကိုဇော်က ပြောပါတယ်။

“အားလုံးကတော့ ဟိုဘက်ခြမ်း ဒီဘက်ခြမ်းကို ခုံတွေနဲ့ ရောင်းရတယ်ဆိုတော့ သန့်သန့်ပြန့်ပြန့်တော့ ရှိတာပေါ့နော်။ အလယ်မှာချရောင်းတာထက် စာရင်တော့ ပိုပြီး သန့်သန့်ပြန့်ပြန့် ရှိတာပေါ့။ ဒါကြောင့်မို့လည်း အကုန်လုံးကတော့ သန့်သန့်ပြန့်ပြန့် ဆိုင်တွေနဲ့၊ အောက်မှာချရောင်းတဲ့ဆိုင်တွေနဲ့ ယှဉ်ပြီးတော့ ၀ယ်တဲ့နေရာမှာလည်း ကွာတာပေါ့။ ဖြစ်တော့ဖြစ်စေချင်တာပေါ့။ လောလောဆယ်ကတော့ မပြောပြတတ်သေးဘူးလေ။ ကျနော်တို့ ဈေးသူဈေးသားတွေ စုပြီးတော့ တိုင်ပင်မှ ထွက်လာမှာ။ ဒီထက်မကကောင်းအောင် ဘယ်လိုလုပ်ကြမလဲ။ ဒါကတော့ ဈေးသူဈေးသားတွေ စုဝေးမှရမယ်။”

ရန်ကုန်တိုင်းအတွင်း ဈေးအင်္ဂါရပ်နဲ့မညီတဲ့ ဈေးတွေကို ရန်ကုန်မြို့တော် စည်ပင်သာယာရဲ့ စီမံခန့်ခွဲမှုအောက်မှာထားပြီး အဆင့်မြှင့်ဖို့အဆိုကို လွှတ်တော်ကိုယ်စားလှယ် ၈ ဦးက ထောက်ခံပြီးနောက် ရန်ကုန်တိုင်းလွှတ်တော်က အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။


Originally published at - http://burmese.dvb.no/archives/154726



CHAN LAY (MCMM)

www.chanmyaemaung.blogspot.com

My Facebook Wall- (HERE)



ကျွန်တော့်ရဲ့ Facebook ပေါ်ကနည်းပညာ Page လေးသို့လည်း *LIKE လုပ်ပြီး Update နည်းပညာများဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ...။



ADMIN:CHAN LAY
ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် ခင်ဗျာ... အဆင်မပြေမှုတစ်စုံတရာ နားလည်မှုမရှိမရှိခဲ့ပါက... ကျွန်တော် ချမ်းလေးရဲ့...မှားယွင်းမှုပါခင်ဗျာ...။ ကျွန်တော်ရဲ့ Page လေးမှာ Post လေးတွေများ ၀င်ရောက်လက်တွဲပြီး နည်းပညာပိုစ့်များရေးသားနိုင်ပါတယ်ခင်ဗျာ...။ အကယ်၍ ကျွန်တော်ကို ဆက်သွယ်ချင်တယ်ဆိုရင်တော့အောက်က Mail သို့ဆက်သွယ်လိုက်ပါ ခင်ဗျာ...။
mr.chanmyaemaung.cmm@engineer.com
ချမ်းလေး ( MCMM )



**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။












Labels:

Post a Comment

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.