June 15, 202508:30:29 PM

စစ်ကိုင်းတွင် အဖက်ဒရင်း သိန်း ၃ ထောင်ကျော်ဖိုး ဖမ်းဆီးရမိ







စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့မှာ ဒီကနေ့ မနက် ကားတစီးပေါ်မှာ ၀ှက်ပြီး သယ်ဆောင် လာတဲ့ အဖက်ဒရင်းဆေးမှုန့် ၁၄ ထုတ် ဖမ်းဆီး ရမိတယ်လို့ စစ်ကိုင်းမြို့နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။

အစိုးရသစ်ရက်တရာစီမံချက်အရ ဒီကနေ့အလှည့်ကျ ညောင်ပင်ဝန်းစခန်းမှူး ရဲအုပ်မြတ်ခိုင်ဦးနဲ့ ပူးပေါင်းအဖွဲ့က ကန်တလူတိုးဂိတ်အနီးမှာ မန်းတလေးကိုလာတဲ့ ခဲရောင် မတ်တူး ယာဉ်နံပါတ် MDY 6 C 9604 ကို ၈ နာရီ ၅ မိနစ်က ရပ်တန့်ရှာဖွေရာမှာ ကားနောက်ခန်းကနေ တွေ့ရှိတာဖြစ်တယ်လို့ စစ်ကိုင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲအုပ် ပိုင်စိုးအောင်က ပြောပြပါတယ်။

အိန္ဒိယနယ်စပ်မြို့ တမူးဘက်ကနေလာတဲ့ဒီကားဟာ မုံရွာရောက်ပြီး၊ မုံရွာကနေ မန်းတလေးကို အသွားလမ်းမှာဖမ်းမိခဲ့တာဖြစ်ကြောင်းနဲ့ ယာဉ်မောင်းစိုးဦးနဲ့အတူ လိုက်ပါလာတဲ့ ထက်နေဇင် ခေါ် လုံးလုံးတို့ကို စစ်ဆေးနေကြောင်း သူက ပြောပါတယ်။

ဒုရဲအုပ် ပိုင်စိုးအောင်က “အဲဒီသူတို့ကား နောက်က ဘောက်ထဲမှာ တင်လာတာက သရက်သီးနဲ့ ပိန္နဲသီးတွေအုပ်ပြီးတော့ပေါ့နော် တီစူပါအိတ်နှစ်လုံး၊ အိတ်ထဲကို ဖောက်ပြီးတော့ ရှာလိုက်တော့ အက်ဖက်ဒရင်းအထုတ် ၁၄ ထုတ်ပေါ့။ တအိတ်ကို ပီနန်အိတ်တအိတ်ကို ၇ ထုတ်စီပေါ့နော်။ ကျနော်တို့ကတော့ opinion express က ပြန်ကြားခြင်းမရမချင်းကတော့ မူးယစ်ဆေးဝါးဟု ယူဆရသော ဆိုတဲ့စကားလုံးပဲ သုံးလို့ရတယ်ခင်ဗျ။ မူးယစ်ဆေးဝါးလို့ တန်းပြီးသုံးလို့ မရသေးဘူး။ မူးယစ်ဆေးဝါးဖြစ်တယ်ဆိုတာ မှန်ကန်တယ်ဆိုမှာ အဲဒါနဲ့ အရေးယူရမှာ” လို့ ပြောပါတယ်။

“အလေးချိန်က ၆၁ ဒသမ ၅ ကီလိုဂရမ်၊ ကာလတန်ဖိုးငွေကတော့ ၃၀၇၅ သိန်း” ဖမ်းဆီးပြီးနောက် အဆိုပါ လူငယ်နှစ်ဦးကို မြို့မရဲစခန်းမှာခေါ်ဆောင်စစ်ဆေးနေပြီး စစ်ကိုင်းမြို့မ ရဲစခန်းရဲ့ ပ နံပါတ် ၁/၂၀၁၆ နဲ့တရားစွဲတင်သွားမှာဖြစ်ကြောင်းနဲ့ ဆီးစစ်ခြင်း၊ မူးယစ်ဆေးဝါး ဟုတ်မဟုတ် စီအိုင်ဒီကို ပို့ဆောင်ပြီး ပြန်ကြားချက်ခံယူခြင်းစတဲ့ ရဲလုပ်ငန်းတွေ လုပ်ဆောင်နေ ပါတယ်။

ရက်တရာစီမံချက်မှာ စစ်ကိုင်းရဲတပ်ဖွဲ့က မှုခင်းကျဆင်းရေး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး၊ နိုင်ငံရေးအကျဉ်းသားနဲ့ပတ်သက်လို့ တရားစွဲတင်ထားဆဲ၊ တရားစွဲတင်ထားသူများ ထောင်တွင်း အကျဉ်းကျခံတာတွေနဲ့ပတ်သက်လို့ လွတ်မြောက်ရေးတို့ကို ဆောင်ရွက်နေတယ်လို့ ဒုရဲအုပ်က ပြောပါတယ်။


Originally published at - http://burmese.dvb.no/archives/154709


CHAN LAY (MCMM)

www.chanmyaemaung.blogspot.com

My Facebook Wall- (HERE)



ကျွန်တော့်ရဲ့ Facebook ပေါ်ကနည်းပညာ Page လေးသို့လည်း *LIKE လုပ်ပြီး Update နည်းပညာများဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ...။



ADMIN:CHAN LAY
ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် ခင်ဗျာ... အဆင်မပြေမှုတစ်စုံတရာ နားလည်မှုမရှိမရှိခဲ့ပါက... ကျွန်တော် ချမ်းလေးရဲ့...မှားယွင်းမှုပါခင်ဗျာ...။ ကျွန်တော်ရဲ့ Page လေးမှာ Post လေးတွေများ ၀င်ရောက်လက်တွဲပြီး နည်းပညာပိုစ့်များရေးသားနိုင်ပါတယ်ခင်ဗျာ...။ အကယ်၍ ကျွန်တော်ကို ဆက်သွယ်ချင်တယ်ဆိုရင်တော့အောက်က Mail သို့ဆက်သွယ်လိုက်ပါ ခင်ဗျာ...။
mr.chanmyaemaung.cmm@engineer.com
ချမ်းလေး ( MCMM )



**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။












Labels:

Post a Comment

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.