
အရင် Windows version များကနေ Windows 10 ကို အဆင့်မြှင့်ထားတာဆိုရင် Windows.old ဆိုတဲ့ဖိုင်ကို သင့်စက်မှာ သိမ်းဆည်းပေးထားပါတယ်။ Windows 10 ကို မနှစ်သက်လို့ပဲဖြစ်ဖြစ် သင့်ရဲ့ Hardware က မထောက်ပံ့လို့ပဲဖြစ်ဖြစ်၊ Windows.old ကိုအသုံးပြုပြီး အရင် Windows ကို ပြန်လည်အသုံးပြုနိုင်ပါတယ်။ မကောင်းတဲ့အချက်က အဲဒီဖိုင်ဟာ အရွယ်အစားကြီးမားပြီး 15GB ကျော်တောင်ရှိနိုင်ပါတယ်။ ဒီထက်ဆိုးတာက Windows.old ကို System Folder အဖြစ် သတ်မှတ်ထားတဲ့အတွက် လွယ်လွယ်နဲ့ ဖျက်ဆီးလို
့ မရတာပါ။ ဒါကိုဖျက်ဖို့အတွက် Search Bar ကနေ Clean Up လို့ရိုက်ပြီး Disk Clean Up ကိုဖွင့်ပါ။ System Drive ကိုရွေးပေးပြီး OK နှိပ်ပါ။ အချိန်ခဏစောင့်ပြီး Windows တစ်ခုပေါ်လာရင် " Previous Windows Installation " ကိုရွေးပေးပြီး OK နှိပ်ပါ။ NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal www.nyilattun.com
Post a Comment
ယခု Website လေးကို ၀င်ရောက်လေ့လာဖတ်ရှုကြခဲ့သော မိတ်ဆွေအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
အကယ်၍အဆင်မပြေမှု တစ်စုံတရာရှိခဲ့ပါက..
ယခုအောက်က Comment Box တွင် ...Comment ချန်ခဲ့ပြီး
အကြောင်းကြားနိုင်ပါတယ် ခင်ဗျာ...။
မိကောင်းဖခင် သားသမီးဆိုရင်
ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုခြင်းသည်းခံပါ မိတ်ဆွေ!