အရင်ဆုံးပြုလုပ်ရမယ့် အခြေခံလိုအပ်ချက်ကတော့ PCloud အကောင့်တစ်ခုပဲဖြစ်ပါတယ်။ အကောင့်လုပ်ဖို့အတွက် email/gmail တစ်ခုရှိဖို့လိုအပ်သလို၊ ဖုန်း၊ ကွန်ပျူတာထဲမှာလည်း မေးလ်ကိုဝင်ထားဖို့လိုအပ်ပါသေးတယ်။ အရင်ဆုံး browser ထဲမှာ Google Search ကနေတစ်ဆင့် pcloud login ဆိုပြီးရိုက်ရှာပြီးရင် အပေါ်ဆုံးက Link ကိုနှိပ်ပြီး pcloud ထဲကိုဝင်ရမှာဖြစ်ပါတယ်။
အဲ့ဒီမှာ အောက်မှာပြထားတဲ့အတိုင်းမြင်ပြီဆိုရင် အောက်က အစိမ်းရောင်ဘောက်စ်လေးကို နှိပ်ပြီးအကောင့်လုပ်ဖို့ ဝင်ရမှာပါ။
ဒီအဆင့်ကတော့ အကောင့်လုပ်မယ့်အဆင့်ပါပဲ။ email address နေရာမှာ သင့် email ကိုရိုက်ထည့်လိုက်ပါ။ အဲ့ဒါကအရင်တုန်းက pcloud အကောင့်မလုပ်ရသေးတဲ့ mail ဖြစ်ရပါမယ်။ ပြီးရင် Password နေရာမှာ သင်ပေးချင်တဲ့ Password တစ်ခုကို ရိုက်ထည့်ပေးပြီးရင်၊ Repeat Password မှာအပေါ်ကထည့်ထားတဲ့ Password ကိုပြန်ရိုက်ထည့်လိုက်ပါ။ ပြီးရင် I Accept Terms of Service ဆိုတဲ့စာသားလေးဘေးက အကွက်မှာ Tic လုပ်လိုက်ပြီးရင် အပေါ်ကအစိမ်းရောင်ကီး Register Your New Account ကိုနှိပ်ပြီးဝင်ရမှာပါ။
ကဲဒီတစ်ခါတော့ နည်းနည်းလေးသတိထားရမှာပါ။ ဘာလဲဆိုတော့ Register လုပ်ပြီးရင် အကောင့်ကို email မှာ verify ပြန်လုပ်ပေးရမှာပါ။ တော်တော်များများက verify မလုပ်မိတတ်ကြပါဘူး။ အဲ့တော့တကယ်သုံးတဲ့အခါ ဝင်မရတာတွေ Save လုပ်လို့မရတာတွေဖြစ်တတ်ကြပါတယ်။ ကျွန်တော်တောင်အဲ့ဒီအဆင့်မှာ ထစ်, နေလို့ချွေးပျံခဲ့ရပါသေးတယ်။ ဘာလို့လဲဆိုတော့ သူကverify လုပ်ဖို့ပေးလိုက်တဲ့ မေးလ်က email inbox ထဲမဝင်ပဲ၊ spam mail ထဲရောက်သွားတာပါ၊ ဒါကြောင့် email ကို inbox ထဲမှာမတွေ့ရင် menu bar ထဲက spam ဆိုတဲ့အထဲမှာ သွားရှာလိုက်တော့မှတွေ့ရပြီး verify လုပ်လိုက်ရပါတယ်။
ကဲအဲ့ဒါဆိုရင်အကောင့်လုပ်လို့ ပြီးသွားပါပြီ၊ ကွန်ပျူတာနဲ့သုံးမယ့်သူတွေအတွက်ကတော့ မလိုပေမယ့် မိုဘိုင်းလ်ဖုန်းနဲ့ သုံးမယ့်သူတွေအတွက်ကတော့ pcloud app လိုအပ်ပါတယ်။ pcloud app ရှိမှဖုန်းတွေမှာ pcloud သုံးရတာ အဆင်ပြေပါတယ်။ ဒါကြောင့် Google Playstore ကိုသွားပြီး pCloud လို့ရှာလို့ ဒီအတိုင်းတွေ့တဲ့ App ကိုဒေါင်းလိုက်ပါ။ ဆိုက်က 10MB လောက်ပဲရှိပါတယ်။
ပြီးရင် App ထဲကိုသွားပြီး ခုနကပြုလုပ်ခဲ့တဲ့အကောင့်နဲ့ Log In ဝင်လိုက်ပါ။ ဒါဆိုရင် သင့်Browser ထဲက Pcloud အကောင့်နဲ့ Pcloud App ထဲကအကောင့်အတူတူဖြစ်သွားရင်ရပါပြီ။
သင်သုံးလို့ရပါပြီ။ ဥပမာ Channel Myanmar ထဲက ဇာတ်ကားတစ်ကားဒေါင်းမယ်ဆိုပါတော့။ ကျွန်တော် Channel Myanmar Website ထဲသွားပြီး သူပေးထားတဲ့လင့်အတိုင်း ဝင်ခဲ့လိုက်ပါတယ်။ နောက်ဆုံး Adfly ကျော်ပြီး နောက်ဆုံး Link ထဲကို ရောက်သွားရင်အောက်က အတိုင်းတွေ့ရမှာပါ။ ကဲဒါဆိုရင် Save to Pcloud ကိုနှိပ်လိုက်ရုံပါပဲ။ ဒါဆိုရင်အပေါ်မှာ This File Copied Open ဆိုပြီး အစိမ်းရောင်စာသားလေးပေါ်လာရင်အိုကေပါပြီ။
ပြီးရင် pcloud app ထဲပြန်သွားလိုက်ရင် ခုနက Save လုပ်ထားတဲ့ video ကိုတွေ့ရမှာပါ။ ဗီဒီယိုကိုကလစ်လုပ်လိုက်ရင် တိုက်ရိုက်ပြမှာဖြစ်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ အဲ့ဒီဖိုင်လေးကိုဖိထားလိုက်ရင် ပေါ်လာတဲ့ Menu ထဲက ညာဘက်ထောင့်က အစက်သုံးစက်နဲ့ menu ကိုနှိပ်လိုက်ပြီး Save ကိုနှိပ်လိုက်ရင် ဒေါင်းလုဒ်လုပ်နေတာကိုတွေ့ရမှာပါ။
ဒါဆိုရင်သင့်အနေနဲ့ Pcloud ကိုအသုံးပြုပြီး ဗီဒီယိုတွေဒေါင်းတာတွေကိုပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။ တခြား ပုံတွေ၊ ဗီဒီယိုတွေကို Cloud ပေါ်တင်တာတွေ၊ ကိုလည်းပြုလုပ်နိုင်ပါတယ်။ အခုတော့ အကောင့်လုပ်ပုံနဲ့ သုံးပုံအကျဉ်းချုပ်ကို ဖော်ပြခဲ့တာပါ။ အခုအစမို့လို့နည်းနည်းရှုပ်တယ်ထင်ရပေမယ့် နောက်ပိုင်းဆိုရင်လွယ်သွားမှာပါ။
Credit-
Post a Comment