July 14, 2025

Ooredoo အသုံးပြုသူ ၈၅ ရာခိုင်နှုန်းမှာ Data ကို အသုံးပြု ဟု ဆို


Ooredoo အသုံးပြုသူ စုစုပေါင်း၏ ၈၅ ရာခိုင်နှုန်းမှာ Data ကို အသုံးပြုနေကြောင်း Ooredoo Myanmar ၏ အမှုဆောင်အရာရှိချုပ် Mr. Rene Meza က ပြောသည်။ လက်ရှိအသုံးပြုသူပေါင်း ၇ သန်း ရှိကြောင်းသိရသည်။ “အသုံးပြုသူအားလုံးရဲ့ ၈၅ ရာခိုင်နှုန်းက ဒေတာ (အင်တာနက်) ကို အသုံးပြုနေကြပါတယ်၊ ဒေတာသုံးစွဲမှုတစ်နှစ်တာအတွင်း ခြောက်ဆတက်လာတာ တွေ့ရပါတယ်” ဟု ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံအတွင်း ၁.၇ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံမှုရှိနေပြီဖြစ်ကြောင်း သိရသည်။ “ဆက်လက်ပြီး ဖိုက်ဘာဆက်ကြောင်း ကွန်ရက်ဖြန့်ကြက်မှုမှာ ၇၇၀၀ ကီလိုမီတာအထိ ရောက်ရှိနေပြီဖြစ်ပြီး ၂၀၁၆ အကုန်မှာ ၁၂,၀၀၀ ကီလိုမီတာအထိ ရောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်” ဟု ဆက်လက်ပြောကြားသည်။

ဒေတာအသုံးပြုမှုအနေဖြင့် တစ်နေရာနှင့်တစ်နေရာ တူညီမည်မဟုတ်ကြောင်း၊ မိမိရောက်ရှိနေသောနေရာအပေါ်မူတည်၍ လှိုင်းမြန်၊ နှေး ကွာခြားမည်ဖြစ်ကြောင်း သိရသည်။ “လိုင်းမြန်နှုန်း က ရောက်ရှိပြီး အသုံးပြုတဲ့နေရာအပေါ်မှာလည်း မူတည်ပါသေးတယ်၊ Ooredoo ရဲ့လှိုင်းနှုန်းစဉ်ရရှိမှုက အခြားအော်ပရေတာတွေ ရရှိတဲ့နှုန်းထားနဲ့ အတူတူပါပဲ၊ ဒါပေမဲ့ Ooredoo ကတော့ စတင်ဝန်ဆောင်မှုပေးကတည်က 3G ကို အထောက်အပံ့ပေးတာမို့ 4G ဝန်ဆောင်မှုကို တိုးမြှင့်ပေးနိုင်တာဖြစ်ပါတယ်” ဟု Mr. Rene Meza က ဆက်လက်ပြောကြားသည်။

Ooredoo အနေဖြင့် လက်ရှိတာဝါတိုင်များအထဲမှ ၂၅ ရာခိုင်နှုန်းမှာ 4G ဝန်ဆောင်မှုရရှိမည်ဖြစ်ကြောင်း၊ လက်ရှိအဆိုပါဝန်ဆောင်မှုကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် စတင်ပြီဖြစ်ရာ တာဝါတိုင်စုစုပေါင်း၏ ၂၅ ရာခိုင်နှုန်းရရှိနေပြီဖြစ်ကြောင်း၊ ဆက်လက်၍ အခြားမြို့များသို့ တိုးချဲ့သွားမည်ဖြစ်ကြောင်း ဆိုသည်။

Credit Internetjournal
သီဟထိုက်(ဆွေသဟာMobile)
www.thihahtike.com

My Facebook Wall- (HERE)

Credit To... (HERE)

downloadbutton 


ကျွန်တော့်ရဲ့ Facebook ပေါ်ကနည်းပညာ Page လေးသို့လည်း *LIKE လုပ်ပြီး Update နည်းပညာများဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ...။



ADMIN:CHAN LAY
ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် ခင်ဗျာ... အဆင်မပြေမှုတစ်စုံတရာ နားလည်မှုမရှိမရှိခဲ့ပါက... ကျွန်တော် ချမ်းလေးရဲ့...မှားယွင်းမှုပါခင်ဗျာ...။ ကျွန်တော်ရဲ့ Page လေးမှာ Post လေးတွေများ ၀င်ရောက်ပြီး ရေးသားနိုင်ပါတယ်ခင်ဗျာ...။ အကယ်၍ ကျွန်တော်ကို ဆက်သွယ်ချင်တယ်ဆိုရင်တော့အောက်က Mail သို့ဆက်သွယ်လိုက်ပါ ခင်ဗျာ...။
mr.chanmyaemaung.cmm@engineer.com
ချမ်းလေး ( MCMM )



**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။












Post a Comment

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.