June 15, 2025

ဧပြီလအတွင်း ဖုန်းပြောဆိုခမှ အခွန် ကျပ်ငွေ ၇.၅ ဘီလီယံ ရရှိ



ဧပြီလတစ်လတာအတွင်း ဖုန်းပြောဆိုခမှ အခွန် ကျပ်ငွေ ၇.၅ ဘီလီယံ ရရှိခဲ့ကြောင်း ပြည်တွင်းအကောက်ခွန် ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောသည်။

တစ်လတာအတွင်းရရှိခဲ့သည့် ဖုန်းပြောဆိုခ အခွန် ကျပ်ငွေ ၇.၅ ဘီလီယံကို ပညာရေးဝန်ကြီးဌာနသို့ ပေးအပ်သွားမည်ဖြစ်ပြီး နောက်ပိုင်းဆက်လက်ရရှိလာမည့် ဖုန်းပြောဆိုခများကို နိုင်ငံတော်ဘဏ္ဍာထံသို့ ထည့်သွင်းသွားမည်ဟု ပြည်တွင်းအကောက်ခွန် ဦးစီးဌာနမှ စုံစမ်းသိရှိရသည်။

“ဧပြီလအတွင်းမှာ ရရှိခဲ့တဲ့ ဖုန်းပြောဆိုခ အခွန် ကျပ်ငွေ ၇.၅ ဘီလီယံကိုတော့ ပညာရေးကဏ္ဍမှာ လိုအပ်တာတွေ သုံးစွဲဖို့ ပေးအပ်သွားမှာပါ။ နောက်ပိုင်းရရှိလာတဲ့ အခွန်တွေကိုတော့ နိုင်ငံတော်ဘဏ္ဍာထဲကို ထည့်သွင်းသွားမှာပါ”ဟု ဦးမင်းထွဋ်က ဆိုသည်။
တစ်လတာအတွင်းပေးအပ်ခဲ့သည့် ဖုန်းပြောဆိုခအခွန်ငွေစာရင်းတွင် အခွန်အခအများဆုံးပေးအပ်ခဲ့သည့် ဆက်သွယ်ရေးအော်ပရေတာမှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းဖြစ်ပြီး ဒုတိယမြောက်အများဆုံးပေးသွင်းခဲ့သည့် ဆက်သွယ်ရေးအော်ပရေတာမှာ တယ်လီနောမြန်မာဖြစ်သည်ဟု ပြည်တွင်းအခွန်များဦးစီးဌာန၏ စာရင်းများက ဖော်ပြထားသည်။

“အခွန်အခ အပြည့်အ၀ ပေးတယ်၊ မပေးဘူးဆိုတာကို ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက Monitoring လုပ်ပြီးစောင့်ကြည့်ပါတယ်။ ဘီလ်ဘယ်လောက်သုံးလို့ အခွန်ဘယ်လောက်ရမယ်ဆိုတာကိုလည်း Software တွေ ထည့်သွင်းထားတာကြောင့် သိနိုင်ပါတယ်”ဟု ဦးမင်းထွဋ်က ပြောသည်။

ဆက်သွယ်ရေးကဏ္ဍတွင် တယ်လီဖုန်းပြောဆိုမှုအပေါ် ကျသင့်သည့်ဘီလ်၏ ၅ ရာခိုင်နှုန်းကို အခွန်အဖြစ် ထမ်းဆောင်ရန် နိုင်ငံတော်အစိုးရမှ သတ်မှတ်ပေးခဲ့ပြီး ဆက်သွယ်ရေးအော်ပရေတာများက အစိုးရကိုယ်စား ဖုန်းပြောဆိုခအပေါ် အခွန်များ ပြန်လည်ကောက်ခံပေးခဲ့ခြင်းဖြစ်သည်။

 Credit Internetjournal
သီဟထိုက်(ဆွေသဟာMobile)
www.thihahtike.com

Post a Comment

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.