ဖုန်းနဲ့ အသံအရည်အသွေးကောင်းကောင်းသီချင်းတွေကို နားဆင်ချင်တဲ့လူတွေအတွက် Vivo ရဲ့ ဂီတအသားပေးစမတ်ဖုန်းသစ်နှစ်မျိုး ထွက်ရှိလာပြီဖြစ်ပါတယ်။တရုတ်နိုင်ငံမှာ စတင်မိတ်ဆက်ပြသခဲ့တဲ့ Vivo X6S နဲ့ Vivo X6S Plus စမတ်ဖုန်းအသစ်နှစ်မျိုးဟာ လွန်ခဲ့တဲ့ဒီဇင်ဘာလတုန်းက ထွက်ရှိထားတဲ့ Vivo X6 နဲ့ X6 Plus တို့ရဲ့ နောက်မော်ဒယ်အခွဲဖြစ်ပြီး၊ ဒီဇိုင်းပိုင်းကော၊ အသေးစိတ်အချက်အလက်တွေပါ ရှေ့ကဖုန်းတွေနဲ့ တထေရာတည်းနီးပါးပါပဲ။Vivo X6S ဖုန်းမှာ ဒီဂျစ်တယ်အသံစနစ်ကနေ analog signal အဖြစ်ကူးပြောင်းပေးတဲ့ 32-bit DAC ပရိုဆက်ဆာပါရှိပြီး၊ Vivo X6S Plus ဖုန်းမှာတော့ ES9028 DAC အပြင် Yamaha ရဲ့ YSS-205X ဒီဂျစ်တယ် အသံလှိုင်းချိန်ညှိခွဲခြားပေးတဲ့ပရိုဆက်ဆာပါ ပါရှိပါတယ်။ အသံအရည်အသွေးကတော့ ဖုန်းတစ်လုံးအနေနဲ့ တော်တော်ကောင်းတယ်လို့ ဆိုရမှာပါ။Vivo X6S ဖုန်းက ၅.၂ လက်မအရွယ် full-HD Super Amoled မျက်နှာပြင်၊ 13-megapixel ကျောကင်မရာနဲ့ ဖြစ်ပြီး၊ RAM 4GB ၊ ဖုန်းတွင်းဒေတာသိမ်းဆည်းနိုင်မှု 64 GB တို့ ပါရှိပါတယ်။X6S Plus ကတော့ မျက်နှာပြင်အနည်းငယ်ပိုကြီးကာ၊ ၅.၇ လက်မ full-HD Super Amoled မျက်နှာပြင်၊ 16-megapixel ကျောကင်မရာနဲ့ ဖြစ်ပါတယ်။ RAM နဲ့ inbuilt storage ကတော့ X6S နဲ့ တူတူပါပဲ။ microSD ကတ်ကိုတော့ နှစ်ခုလုံးမှာ ထပ်စိုက်နိုင်မှာမဟုတ်ပါဘူး။ဒီဖုန်းနှစ်လုံးရဲ့ တခြားတူညီတဲ့အချက်တွေကတော့၊ ကျောဘက်လက်ဗွေရာဆန်ဆာပါတာ၊ SIM နှစ်ကတ်သုံးနိုင်တာ၊ Snapdragon 652 ပရိုဆက်ဆာအသုံးပြုထားတာ၊ USB OTG သုံးနိုင်တာတို့ ဖြစ်ပြီး၊ X6S ဖုန်းက X6S Plus ထက် နည်းနည်းပိုပါးတာကို တွေ့ရပါတယ်။အသံအရည်အသွေးဦးစားပေးထုတ်လုပ်ထားတဲ့ Vivo X6S နဲ့ X6S Plus ဖုန်းတွေရဲ့ ဈေးနှုန်းနဲ့ ဈေးကွက်ဝင်မယ့်နေ့ကိုတော့ မသိရသေးပါဘူး။
Ref: Gadgets 360
http://digitaltimes.com.mm/
ညီလတ်ထွန်း
www.nyilattun.com
Post a Comment
ယခု Website လေးကို ၀င်ရောက်လေ့လာဖတ်ရှုကြခဲ့သော မိတ်ဆွေအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
အကယ်၍အဆင်မပြေမှု တစ်စုံတရာရှိခဲ့ပါက..
ယခုအောက်က Comment Box တွင် ...Comment ချန်ခဲ့ပြီး
အကြောင်းကြားနိုင်ပါတယ် ခင်ဗျာ...။
မိကောင်းဖခင် သားသမီးဆိုရင်
ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုခြင်းသည်းခံပါ မိတ်ဆွေ!