ပြီးခဲ့တဲ့လက Apple ဟာ သူတို့ရဲ့မျိုးဆက်သစ် စမတ်ဖုန်း iPhone SE နဲ့ သေးငယ်တဲ့ ၉.၇လက်မအရွယ် iPad Pro တက်ဘလက်တွေကို မိတ်ဆက်ပြီးနောက်မှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က စတင်ပြီး ကြိုတင်မှယူထားတဲ့ Customer တွေဆီကို ပထမအသုတ်အနေနဲ့ စတင်ဖြန့်ချိလိုက်ပါတယ်။ ဒီပစ္စည်းနှစ်မျိုးလုံးဟာ ထုတ်လုပ်ပြီးမကြာခင်မှာတင် အမှာစာတွေအများအပြားရောက်လာတာဖြစ်ပြီး တရုတ်နိုင်ငံတစ်နိုင်ငံတည်းမှာတင် အမှာစာ ၃.၄သန်းအထိရရှိခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ ကြာသပတေးနေ့က iPhone Se နဲ့ iPad Pro တို့ကို သြစတြေးလျ၊ ကနေဒါ၊ တရုတ်၊ ပြင်သစ်၊ ဂျာမနီ၊ ဟောင်ကောင်၊ ဂျပန်၊ နယူးဇီလန်၊ ပွာတိုရီကို၊ စင်္ကာပူ၊ အင်္ဂလန်၊ အိုက်စလန် နဲ့ အမေရိကန်ပြည်ထောင်စုတို့မှာ စတင်ဖြန့်ချိထုတ်လုပ်ခဲ့ပါတယ်။iPhone SE နဲ့ iPad Pro တို့ကို လာမယ့် ဧပြီလ ၈ရက်နေ့မှာ ဒုတိယအသုတ်အနေနဲ့ ထပ်မံဖြန့်ချိထုတ်လုပ်သွားမှာဖြစ်ပြီး ဘယ်လ်ဂျီယမ်၊ ခရိုအေးရှား၊ ဒိန်းမတ်၊ ဖင်လန်၊ ဂရိ၊ ဟန်ဂေရီ၊ အိန္ဒိယ၊ အိုင်ယာလန်၊ အီတလီ၊ မိုနာကို၊ နယ်သာလန်၊ နော်ဝေ၊ ပိုလန်၊ ပေါ်တူဂီ၊ ရုရှား၊ စပိန်၊ ဆွီဒင်၊ ထိုင်း၊ တူရကီနဲ့ ယူအေအီး နိုင်ငံတွေမှာဖြန့်ချိမှာဖြစ်ပါတယ်။iPhone SE ရဲ့ဈေးနှုန်းကတော့ ဒေါ်လာ ၃၉၉ နဲ့ ၄၉၉ ကြားရှိမှာဖြစ်ပြီး ၉.၇လက်မ iPad Pro ကတော့ ဒေါ်လာ ၇၂၉၊ ၈၇၉ နဲ့ ၁၀၂၉ ဆိုပြီးတော့ အတွင်း Storage အလိုက်ကွဲပြားသွားမှာဖြစ်ပါတယ်။ Apple ရဲ့ ထုတ်လုပ်ခဲ့တဲ့ဖုန်းတွေထဲမှာ iPhone SEဟာ ဈေးနှုန်းအသက်သာဆုံးလို့ ထင်ကြေးပေးခံနေရတာဖြစ်ပြီး ၉.၇ လက်မအရွယ် iPad Pro ကတော့ ယမန်နှစ်ကထွက်ရှိခဲ့တဲ့ iPad Pro ကို သေးငယ်တဲ့အရွယ်အစားနဲ့ ပြန်လည်ဆန်းသစ်ထားခဲ့တာ ဖြစ်ပါတယ်။
Ref: Gadgets360
http://digitaltimes.com.mm/
ညီလတ်ထွန်း
www.nyilattun.com
Post a Comment
ယခု Website လေးကို ၀င်ရောက်လေ့လာဖတ်ရှုကြခဲ့သော မိတ်ဆွေအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
အကယ်၍အဆင်မပြေမှု တစ်စုံတရာရှိခဲ့ပါက..
ယခုအောက်က Comment Box တွင် ...Comment ချန်ခဲ့ပြီး
အကြောင်းကြားနိုင်ပါတယ် ခင်ဗျာ...။
မိကောင်းဖခင် သားသမီးဆိုရင်
ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုခြင်းသည်းခံပါ မိတ်ဆွေ!