Sony က ပန်းရောင် Xperia Z5 Premium ကို မိတ်ဆက်လိုက်ပါသည်။ ပန်းရောင် Sony Xperia Z5 ကို လွန်ခဲ့သော သုံးလအကြာက ရောင်းချခဲ့ပါသည်။ Sony က ပန်းရောင် Xperia Z5 Premium ၏ ဈေးနှုန်း၊ ရောင်းချမည့် နေ့ရက်နှင့် နိုင်ငံများကို ကြေညာခြင်း မရှိသေးပါ။ Sony က အဆိုပါ ကြေညာချက်ကို Twitter တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။
Sony Xperia Z5 Premium ၏ Specification များကိုပြန်လည်ဖော်ပြရလျှင် 5.5” 2160×3840 Pixels Display , Qualcomm Snapdragon 810 Chipset , 32GB , 3GB RAM ထည့်သွင်းထားပါသည်။ 200GB အထိ ၀င်ဆန့်သော microSD Card အသုံးပြုနိုင်ပါသည်။
အနောက်ဘက်တွင် Phase Detection Autofocus နည်းပညာပါသော 23MP Camera နှင့် အရှေ့ဘက်တွင် 5MP Camera တပ်ဆင်ထားပါသည်။ 3430mAh Battery ကို အသေတပ်ဆင်ထားပါသည်။ လက်ဗွေရာ စစ်ဆေးသည့် ကိရိယာ ပါရှိပါသည်။
Credit:Thu Ya
Myanmar Digital Life
www.nyilattun.com

Post a Comment
ယခု Website လေးကို ၀င်ရောက်လေ့လာဖတ်ရှုကြခဲ့သော မိတ်ဆွေအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
အကယ်၍အဆင်မပြေမှု တစ်စုံတရာရှိခဲ့ပါက..
ယခုအောက်က Comment Box တွင် ...Comment ချန်ခဲ့ပြီး
အကြောင်းကြားနိုင်ပါတယ် ခင်ဗျာ...။
မိကောင်းဖခင် သားသမီးဆိုရင်
ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုခြင်းသည်းခံပါ မိတ်ဆွေ!