ပိုးစုန်းကြူးသည် သဘာဝရှိ အလင်းထုတ်လွှတ်နိုင်သော သတ္တ၀ါများတွင် ထိရောက်မှုအရှိဆုံး သတ္တ၀ါစာရင်း တွင်ပါဝင်သည်။ သုတေသနပြုလုပ်မှုများအရ ပိုးစုန်းကြူး၏တောက်ပမှုသည် ခန္ဓာကိုယ်အတွင်း ဓာတုပစ္စည်း များဓာတ်ပြုမှုကြောင့် သီးသန့်သာမကဘဲ ၎င်း၏ခန္ဓာကိုယ်တည်ဆောက်မှုပုံစံကြောင့်လည်း သက်ဆိုင်သည်ဟု သိလာရသည်။ ထိုတည်ဆောက်ပုံအရ OLED display ပုံစံကို တိုးတက်စေရန် လေ့လာနိုင်ကြောင်းသိရသည်။ ပိုးစုန်းကြူး၏တည်ဆောက်ပုံသည် လူများတည်ဆောက်သောပစ္စည်းကဲသို့ ချောမွေ့မှုမရှိသော်လည်း အထူး သေးငယ်သော micro & nano structures များဖြင့်တည်ဆောက်ထားပြီး ထိုပစ္စည်းများကို Korea Advanced Insti-tute of Seience and Technology(KAIST) မှလေ့လာခဲ့သည်။ ထို့နောက် ထိုလေ့လာချက်ပေါ် အခြေခံ ကာ bio-inspired organic light-emitting diode (OLED) ကိုဖန်တီးနိုင်ခဲ့သည်။ ရလဒ်မှာအားရစရာဖြစ်ခဲ့ပြီး အလင်းထုတ်ယူနိုင်မှုထိရောက်မှု ၆၀% ပိုမိုလာခဲ့ပြီး illumination angle ၁၅% ကျယ်ပြန့်လာခဲ့သည်။ ပိုးစုန်းကြူးခန္ဓာကိုယ်တည်ဆောက်ပုံနှင့်တူညီ အောင်ဖန်တီးခဲ့ခြင်းဖြစ်ပြီး bioinspired OEDs များကို အမြောက် အမြားထုတ်လုပ်ရန်ဖြစ်နိုင်ပြီဟုဆိုခဲ့သည်။ ယခုအခါ KAIST မှ OLED ထုတ်လုပ်မည့် လုပ်ငန်းဖော်အား ရှာဖွေနေပြီး ပိုမိုကောင်းမွန်စေရန်လည်း ဆက်လက်၍ သုတေသနပြုလုပ်လျက်ရှိကြောင်း ဆိုထားသည်။
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal

Post a Comment
ယခု Website လေးကို ၀င်ရောက်လေ့လာဖတ်ရှုကြခဲ့သော မိတ်ဆွေအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
အကယ်၍အဆင်မပြေမှု တစ်စုံတရာရှိခဲ့ပါက..
ယခုအောက်က Comment Box တွင် ...Comment ချန်ခဲ့ပြီး
အကြောင်းကြားနိုင်ပါတယ် ခင်ဗျာ...။
မိကောင်းဖခင် သားသမီးဆိုရင်
ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုခြင်းသည်းခံပါ မိတ်ဆွေ!