June 14, 202506:37:18 AM

သတ္တုကိုယ်ထည်မဟုတ်ပဲ ပလက်စတစ်နဲ့သာတည်ဆောက်ထားတဲ့ LG G5


LG ဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလက ဘာစီလိုနာမှာပြုလုပ်ခဲ့တဲ့ MWC 2016 ပွဲမှာထုတ်ဖော်ပြသခဲ့တဲ့ သူတို့ရဲ့အဓိကစမတ်ဖုန်း G5 ကို သတ္တုနဲ့တည်ဆောက်ထားတယ်လို့ ပြောကြားခဲ့ပေမယ့် တကယ်တမ်းကျတော့ ပလက်စတစ်နဲ့သာပြုလုပ်ထားတာဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။

9to5 Google အနေနဲ့ LG G5 ဖုန်းတစ်လုံးကို တစ်စစီဖြုတ်ပြီး စမ်းသပ်ခဲ့တာဖြစ်ပါတယ်။ သူတို့အနေနဲ့ G5 ဖုန်းဟာ အစားထိုးနိုင်တဲ့ Battery နဲ့ ကိုယ်ထည်တစ်ခုလုံးကို သတ္တုနဲ့တည်ဆောက်ထားတယ်လို့ ဆိုခဲ့ပေမယ့် တကယ်တမ်းကျတော့ မဟုတ်တာကိုပြသခဲ့တာဖြစ်ပါတယ်။

LG G5 ကိုတစ်စစီဖြုတ်ပြီး စမ်းသပ်ခဲ့ရာမှာ အတွင်းပိုင်းပစ္စည်းတွေဟာ သာမန်အနေအထားရှိနေပေမယ့် ဓားတစ်ချောင်းနဲ့ G5 ရဲ့ကျောဘက်ကို ခြစ်လိုက်တဲ့အခါမှာ LG ကသတ္တုနဲ့တည်ဆောက်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့တဲ့ G5 ဟာ ပလက်စတစ်တော်တော်များများ ပါဝင်တာကို တွေ့ခဲ့ရတာဖြစ်ပါတယ်။

အပေါ်က သတ္တုအရောင်အအုပ်ကိုခြစ်ထုတ်လိုက်တဲ့အခါမှာ အောက်ဖက်မှာ အလျူမီနီယံအကာကိုပါးပါးလေး ခံထားတာတွေ့ရပါတယ်။ ဒါပေမယ့် LG G5 ဟာတောင့်တင်းတဲ့ သတ္တုပုံစံနဲ့ ကြံခိုင်တယ်ဆိုတာကိုတွေ့ရတာဖြစ်ပါတယ်။
 
  Ref: 9to5Google
http://digitaltimes.com.mm/
 
ညီလတ်ထွန်း
www.nyilattun.com 
 

Post a Comment

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.