Seagate ကုမ္ပဏီဟာ၊ ဗုဒ္ဓဟူးနေ့က ပြုလုပ်သွားတဲ့ကုန်ပစ္စည်းမိတ်ဆက်ပွဲမှာ အားသွင်းကြိုးမလိုတဲ့၊ 8TB ဆံ့ hard drive အကြီးတစ်လုံးကို မိတ်ဆက်ပြသသွားခဲ့ပါတယ်။
ပုံမှန်အားဖြင့် ၂.၅ လက်မအရွယ် ရိုးရိုး external hard drive တွေဟာ ဒေတာဆံ့တာနည်းပြီး၊ ပါဝါသုံးစွဲမှု နည်းတာကြောင့် အားသွင်းကြိုးသက်သက် မလိုပါဘူး။
ဒါပေမယ့် ဒေတာပမာဏအများကြီးဆံ့တဲ့၊ ၃.၅ လက်မအရွယ် external hard drive တွေဟာ ပါဝါသုံးစွဲမှု များတာကြောင့် ပါဝါကြိုးတပ် အသုံးပြုရတာ ဖြစ်ပါတယ်။
Seagate က ထုတ်လုပ်လိုက်တဲ့ ယခု external hard drive ကတော့ Seagate ရဲ့ Ignition Boost နည်းပညာသစ်ကို ထည့်သွင်းအသုံးပြုထားတာကြောင့်၊ အားသွင်းကြိုးမလိုဘဲ USB-C ကြိုးထိုးပြီး အသုံးပြုနိုင်ပါတယ်။
USB-C ကြိုးက ၀င်တဲ့ပါဝါဟာ နည်းပေမယ့်၊ hard drive အတွင်းထဲမှာပါတဲ့ internal ဘက်ထရီက လိုအပ်တဲ့ပါဝါကို ပေးပြီး၊ hard drive လည်ပတ်မှုရသွားတာနဲ့၊ ဘက်ထရီကို အလိုလို ပြန်အားသွင်းတာဖြစ်ပါတယ်။
Retina Macbook အပါအ၀င် တခြား၊ USB Type C ရ စက်တိုင်းနဲ့ အသုံးပြုနိုင်ပြီး၊ စားပွဲပေါ်မှာ ဒေါင်လိုက်ကော၊ အလျားလိုက်ပါ ကြိုက်သလိုတင်ထားနိုင်တဲ့ ဒီဇိုင်းကြောင့် ၂၀၁၆ ခုနှစ် Red Dot ဒီဇိုင်းဆုကို လက်ခံရှိခဲ့တာဖြစ်ပါတယ်။
Innov8 ကို လာမယ့်ဧပြီလအတွင်းမှာ ကန်ဒေါ်လာ ၃၄၉ နဲ့ စတင်ရောင်းချသွားမှာဖြစ်ပြီး၊ Innov8 တစ်လုံး ၀ယ်ရင် Microsoft ရဲ့ OneDrive cloud မှာ ဒေတာသိမ်းဆည်းမှု 200 GB အခမဲ့ရရှိမှာပါ။
Ref: The Register
http://digitaltimes.com.mm/
ညီလတ်ထွန်း
Post a Comment
ယခု Website လေးကို ၀င်ရောက်လေ့လာဖတ်ရှုကြခဲ့သော မိတ်ဆွေအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
အကယ်၍အဆင်မပြေမှု တစ်စုံတရာရှိခဲ့ပါက..
ယခုအောက်က Comment Box တွင် ...Comment ချန်ခဲ့ပြီး
အကြောင်းကြားနိုင်ပါတယ် ခင်ဗျာ...။
မိကောင်းဖခင် သားသမီးဆိုရင်
ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုခြင်းသည်းခံပါ မိတ်ဆွေ!