တရုတ်ကုမ္ပဏီ Vivo ဟာ ပြီးခဲ့တဲ့ လတုန်းက တန်ဖိုးနည်းစမတ်ဖုန်း Y31 ကို ထုတ်လုပ်ပြီးနောက်မှာ ယခုအခါ Y31A ကိုတရုတ်နိုင်ငံမှာ စတင်ထုတ်လုပ်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ ဒီစမတ်ဖုန်းအနေနဲ့ ဈေးနှုန်းဟာ တရုတ်ယွမ်ငွေ ၉၉၉ (ကျပ် ၁၉၀၀၀၀နီးပါး) ရှိမှာဖြစ်ပါတယ်။ ဘယ်အချိန်ဖြန့်ချိမယ်ဆိုတာတော့ ပြောကြားခြင်းမရှိသေးပါဘူး။
Vivo Y31A ဟာ Dual-SIM ထောက်ပံ့ စမတ်ဖုန်းတစ်လုံးဖြစ်ပြီး Android 5.0 Lollipop ကိုအသုံးပြုထားပါတယ်။ တခြားလုပ်ဆောင်ချက်တွေကတော့ ၄.၇လက်မအကျယ် qHD (540×960 Pixels) Resolution IPS မျက်နှာပြင်ကို အသုံးပြုထားတာဖြစ်ပြီး Quad-core Qualcomm Snapdragon 410 ပရော်ဆက်ဆာကိုအသုံးပြုထားတာဖြစ်ပေမယ့် Internal RAM အနေနဲ့ကတော့ 1GB သာပါဝင်မှာဖြစ်ပါတယ်။

Internal Storage အနေနဲ့ 16-GB ပါဝင်မှာဖြစ်ပြီး microSD ကတ်ကို 128GB အထိထပ်မံချဲ့ထွင်ထည့်သွင်းနိုင်မှာဖြစ်ပါတယ်။ 8-MP ရှိတဲ့ Autofocus ကျောဘက်ကင်မရာ၊ 2-MP ရှိတဲ့ အရှေ့ဘက်မျက်နှာ ကင်မရာပါဝင်တာဖြစ်ပါတယ်။ Vivo Y31A ဟာ 4G Network နဲ့ အလုပ်လုပ်တဲ့စနစ်ပါဝင်ပြီး Wi-Fi, Bluetooth 4.0 နဲ့ GPS, စတဲ့ ချိတ်ဆက်စနစ်တွေပါဝင်ပါတယ်။
Vivo Y31A ဟာ အတိုင်းအတာအနေနဲ့ 132.2×68.3×8.3mm ရှိပြီး အလေးချိန်ကတော့ ၁၄၁ ဂရမ်ရှိမှာဖြစ်ပါတယ်။ ဘက်ထရီအနေနဲ့ 2100mAh ဘက်ထရီပါဝင်မှာဖြစ်ပြီး Accelerometer, Proximity Sensor နဲ့ Photosensitive Sensor တို့ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ Vivo ဟာ ဒီလအစောပိုင်းက 6GB ရှိတဲ့ internation စမတ်ဖုန်းတွေထဲက အစောပိုင်းဖုန်းတစ်မျိုးဖြစ်တဲ့ Vivo Xplay5 Lite ကို ဖြန့်ချိခဲ့ဖူးတာလည်းဖြစ်ပါတယ်။
Ref: Gadgets360

Credit - digitaltimes.com.mm
ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင် ။ { ဒီမှာ Like နှိပ်ပါ }မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။
Post a Comment