Google ဟာ လာမယ့် iOS ပစ္စည်းတွေက နဂိုပါဝင်မယ့် Search Feature အတွက် Third-party ကီးဘုတ်ကို ထုတ်လုပ်ပေးမယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။
The Verge မှာဖော်ပြထားချက်အရ Google ရဲ့ ကီးဘုတ်ဟာ လာမယ့် iPhone ဗားရှင်းအသစ်တွေမှာ စတင်ပါဝင်လာနိုင်ဖွယ်ရှိနေတာဖြစ်ပြီး Web, Image Search, GIF ထောက်ပံ့မှုနဲ့ လက်လှုပ်ရှားမှုပေါ်မူတည်ပြီး Typing ရိုက်တာ စတဲ့လုပ်ဆောင်ချက်တွေကိုလည်း ထည့်သွင်းလာမှာဖြစ်ပါတယ်။
ဒီကီးဘုတ်ကို ပြီးခဲ့တဲ့ လပိုင်းတွေတုန်းက Google အနေနဲ့ သူတို့ အလုပ်သမားတွေနဲ့ စမ်းသပ်ခဲ့တာဖြစ်ပြီး ဘယ်အချိန်မှာ ထုတ်လုပ်မယ်ဆိုတော့ သေသေချာချာ ပြောကြားခြင်းမရှိပါဘူး။ ဒီလိုပြုလုပ်လိုက်ခြင်းဟာ Google ရဲ့ နောက်ထပ်ဝင်ငွေရှာတဲ့ အပေါက်တစ်ခုဖြစ်လာပြီး သူတို့ရဲ့ ခြေလှမ်းတွေကို Desktop ကွန်ပျူတာတွေထက်စာလို့ရှိရင် Mobile ပစ္စည်းတွေဖက်ကို ပိုမိုဦးတည်လာတာဖြစ်ပါတယ်။
ဒီလို Google ရဲ့ ခပ်စိတ်စိတ်လှမ်းနေတဲ့ ခြေလှမ်းတွေကြောင့် လုပ်ငန်းစုဟာ တဖြည်းဖြည်း ကြီးမားသထက်ကြီးမားလာတာလည်း ဖြစ်ပါတယ်။ အဲ့ဒီအပြင် နည်းပညာကုမ္ပဏီတွေဟာ ကီးဘုတ်ရဲ့ ခေတ်စားမှုကို အသိအမှတ်ပြုလာကြပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက Microsoft ဟာလည်း ကီးဘုတ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ SwiftKey ကို ဒေါ်လာသန်း ၂၅၀ နဲ့ ဝယ်ယူခဲ့ပါသေးတယ်။
Ref: Independent

Credit - digitaltimes.com.mm
ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင် ။ { ဒီမှာ Like နှိပ်ပါ }မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။
Post a Comment
ယခု Website လေးကို ၀င်ရောက်လေ့လာဖတ်ရှုကြခဲ့သော မိတ်ဆွေအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
အကယ်၍အဆင်မပြေမှု တစ်စုံတရာရှိခဲ့ပါက..
ယခုအောက်က Comment Box တွင် ...Comment ချန်ခဲ့ပြီး
အကြောင်းကြားနိုင်ပါတယ် ခင်ဗျာ...။
မိကောင်းဖခင် သားသမီးဆိုရင်
ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုခြင်းသည်းခံပါ မိတ်ဆွေ!