WeChat အက်ပလီကေးရှင်းကို ထုတ်လုပ်တဲ့ကုမ္ပဏီဖြစ်တဲ့ Tencent ရဲ့ ကြာသပတေးနေ့က ထုတ်ပြန်ချက်အရ၊ WeChat app ကို လစဉ်ပုံမှန်အသုံးပြုသူပေါင်း ၆၉၇ သန်းရှိနေပြီဖြစ်ကြောင်း သိရပါတယ်။
Tencent အနေနဲ့ တရုတ်ပြည်မကြီးကနေ WeChat ကို သုံးသူပေါင်းဘယ်လောက်ရှိပြီး၊ တခြားနိုင်ငံတွေကနေ WeChat သုံးသူ ဘယ်လောက်ရှိလဲဆိုတာ ခွဲခြားဖော်ပြထားခြင်းမရှိပေမယ့်၊ ဒီပမာဏကတော့ တကယ့်ကို များပြားတဲ့ပမာဏလို့ ဆိုနိုင်ပါတယ်။
ဒါပေမယ့် WeChat ဟာ လက်ရှိအချိန်ထိ ပြည်မကြီးကိုပဲ အဓိကပစ်မှတ်ထားနေတယ်ဆိုတာ သိသာပြီး၊ WeChat app ရဲ့ တစ်ချို့ feature တွေဖြစ်တဲ့ အွန်လိုင်းငွေပေးချေမှု WeChat Pay စနစ်တွေကို တရုတ် ပြည်တွင်းမှာပဲ အသုံးပြုလို့ရပါတယ်။
WeChat ဟာ မြန်မာနိုင်ငံအတွင်းမှာလည်း လူသုံးများလာတဲ့ app ဖြစ်ပြီး၊ ကိုယ်နဲ့အနီးနားကလူတွေကို ရှာနိုင်တဲ့ People Nearby လို စွမ်းဆောင်ရည်မျိုးတွေကြောင့် လူကြိုက်များတဲ့ messaging app လည်း ဖြစ်ပါတယ်။
Ref: Gadgets360
Digitaltimes

Post a Comment
ယခု Website လေးကို ၀င်ရောက်လေ့လာဖတ်ရှုကြခဲ့သော မိတ်ဆွေအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
အကယ်၍အဆင်မပြေမှု တစ်စုံတရာရှိခဲ့ပါက..
ယခုအောက်က Comment Box တွင် ...Comment ချန်ခဲ့ပြီး
အကြောင်းကြားနိုင်ပါတယ် ခင်ဗျာ...။
မိကောင်းဖခင် သားသမီးဆိုရင်
ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုခြင်းသည်းခံပါ မိတ်ဆွေ!