DSLR အရည်အသွေးရှိတဲ့ ဓာတ်ပုံလည်းလိုချင်တယ်၊ ကင်မရာကလည်း ကြီးလွန်းနေတယ် ဆိုတဲ့ မိတ်ဆွေတွေအတွက် dSLR ဖြည့်စွက် (သို့) အစားထိုး ကင်မရာအသေးစား မော်ဒယ်လေးတွေကို တင်ပြပေးလိုက်ပါတယ်။
ဒီကင်မရာ မော်ဒယ်တွေမှာ high-end dSLR တွေရဲ့ sensor အရွယ်အစားလောက်ရှိတဲ့ sensor တွေပါရှိပါတယ်။ Performance ပိုင်းအရပြောမယ်ဆိုရင်လည်း midrage dSLR တွေနဲ့ ယှဉ်နိုင်ပါတယ်။ Shutter speed, apeture စတဲ့ manual control ပိုင်းမှာလည်း တန်းတူဖြစ်ပြီး raw file နဲ့ တခြား creative features ပိုင်းတွေ အထောက်အပံ့ပေးပါတယ်။
dSLR အစားထိုးကင်မရာလို့ ပြောရမယ်ဆိုရင် ဗားရှင်း၂မျိုးရှိပါတယ်။ တစ်မျိုးက သာမန်ထက်ကြီးတဲ့ point-and-shoot ဒီဇိုင်းဖြစ်ပြီး နောက်တစ်ခုက lens ပြောင်းတပ်လို့မရတဲ့ မော်ဒယ် (ILC) တွေပါ။ Lens ပြောင်းလဲတပ်ဆင်လို့မရတဲ့ မော်ဒယ်တွေက ဈေးသိပ်မကြီးတဲ့ dSLR နဲ့ ILC kits တွေနဲ့ယှဉ်ရင် lense တွေက ပိုကောင်းပါတယ်။ Sensor အရွယ်အစားပေါ်မူတည်ပြီး ပုံမှန်အားဖြင့် 18-55mm, 16-50mm ဒါမှမဟုတ် 14-42mm တွေနဲ့ လာပါတယ်။ ဒါပေမဲ့ aperture ကတော့ f3.5 ကနေ f5.6 ထိ အများဆုံးပဲဖြစ်ပါတယ်။ ဒီမော်ဒယ်အများစုက zoom သိပ်ဆွဲလို့မရပါဘူး။
အဆင့်မြင့် ဓာတ်ပုံအရည်သွေးရမယ့် ကင်မရာအသေးစားတွေကတော့ Sony RX1R II, Canon PowerShot G7X II, G9 X, Sigma dp1, dp2, dp2 Quattro, Nikon DL24-85, DL18-50, Panasonic Lumix ZS100, Fujifilm X30, X100T, Leica X-U နဲ့ X Vario တို့ပဲဖြစ်ပါတယ်။
Ref: Cnet
Digitaltimes

Post a Comment
ယခု Website လေးကို ၀င်ရောက်လေ့လာဖတ်ရှုကြခဲ့သော မိတ်ဆွေအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
အကယ်၍အဆင်မပြေမှု တစ်စုံတရာရှိခဲ့ပါက..
ယခုအောက်က Comment Box တွင် ...Comment ချန်ခဲ့ပြီး
အကြောင်းကြားနိုင်ပါတယ် ခင်ဗျာ...။
မိကောင်းဖခင် သားသမီးဆိုရင်
ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုခြင်းသည်းခံပါ မိတ်ဆွေ!