မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)သည် သုံးစွဲသူမိဘပြည်သူများအတွက် အတွေ့အကြုံသစ် များကို ပေးနိုင်မည့် ပထမဆုံးသော “လိုတရ” web portal ကိုစတင်လိုက်ပြီဖြစ်ကြောင်းမတ်လ ၁၇ ရက်နေ့ က ကြေငြာလိုက်သည်။ အသုံးပြုလိုသူများအနေဖြင့် http://lotayamm.com တွင် သွား ရောက် ရယူနိုင်မည်ဖြစ်သည်။
အဆိုပါ web portal သည် မြန်မာပြည်ရှိသုံးစွဲသူများ လိုအပ်သောအချက်အလက်များအားလုံး တစ်နေရာထဲတွင် ရရှိနိုင်ရန် ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်သည်။ ပြီးပြည့်စုံသော အချက်အလက်များ၊ အသုံးဝင်မှုများကို ၂၄ နာရီပတ်လုံး လက်တစ်ချက်ထောက် လိုက်ရုံဖြင့် တစ်နေရာထဲတွင် စုံလင်စွာ ရရှိနိုင်မည် ဟုသိရသည်။  “လိုတရ”ကို သုံးစွဲခြင်းဖြင့် မြန်မာနိုင်ငံနှင့် ကမ္ဘာအဝန်း ရှိ နောက်ဆုံးရ သတင်းများကို အချိန်နှင့်တပြေးညီ သိရှိစေနိုင်မည်ဖြစ်သည်။  မိုးလေ၀သဆိုင်ရာအချက်အလက် များ၊ နိုင်ငံခြားငွေလဲနှုန်းများနှင့် အခြားသော MPT ၏ ထပ်ဆောင်းဝန်ဆောင်မှုများ အကြောင်း အရာများ ကိုလည်း ကြည့်ရှုနိုင်သည်။ “လိုတရ” web portal တွင် Google Search box,    မိုးလေဝသဆိုင်ရာ သတင်းအချက်အလက်များ , ငွေလဲနှုန်းနှင့် ငွေကြေးဖလှယ်ခြင်းများ ,သတင်းများ , MPT ၏ ဝန်ဆောင်မှုများပါဝင်မည်ဖြစ်သည်။
MPT-KSGM Joint Operation ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Takashi Nagashima က “မိုဘိုင်းဖုန်း သုံးစွဲ သူတွေဟာ နေ့စဉ်နဲ့အမျှ တိုးပွားလာနေပါတယ်၊ လူတိုင်းဟာမိုဘိုင်းဖုန်းကို အရာအားလုံးအတွက် အသုံးပြုနေ ကြပါတယ်၊ ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုတွေကို ထပ်ချဲ့ပြီး သုံးစွဲသူတွေအတွက် အထူးအစီအစဉ်တွေကို အများအပြားပေးရင်း လူတိုင်းနဲ့အတူ အချိန်တိုင်း ရှိနေတဲ့အခါ အမြဲရရှိနိုင်မယ့် ဝန်ဆောင်မှုကို ပေးချင်ပါတယ်၊ ဒီ web portal က သတင်းတွေ ဖတ်ရာမှာ၊ မိုးလေဝသ သတင်းကြည့်တဲ့အခါနဲ့ MPT ရဲ့ ဝန်ဆောင်မှုတွေအကြောင်းကိုပါ လွယ်လွယ် ကူကူသိရှိစေနိုင်မှာဖြစ်ပါတယ်” ဟု ပြောသည်။ “လိုတရနှင့် အတူ MPT သည် ဝန်ဆောင်မှု application ကိုလည်း ထားရှိပေးမည် ဟုသိရသည်။ ထို application မှတဆင့် အောက်ပါ MPT ဝန်ဆောင်မှုများကို ရယူနိုင်မည် — လက်ကျန်ငွေစစ်ဆေးခြင်း၊
“လိုတရ” web portal၊ တွင် မိုဘိုင်းဖုန်းအချင်းချင်းဘီလ်လွှဲပြောင်းခြင်း၊ ငွေဖြည့်ခြင်း၊ အင်တာ နက် package ဝယ်ယူခြင်း၊ ခေါ်သူနားဆင်တေးသံစဉ် (CRBT) ရယူခြင်း၊ Infotainment၊ ဆွေသ ဟာ၊ Call Me Back၊ ဖုန်းခေါ်ဆိုခြင်းဝန်ဆောင်မှုများ၊ MPT Call Center ၊ MPT website နှင့် MPT Facebook များကို ကြည့်ရှုနိုင်မည် ဖြစ်သည်။၊

ကောင်းမြတ်ရာ (DIGITALLIFEJOURNAL)