တရုတ်၏ အကြီးမားဆုံး Search Engine Company ဖြစ်သောBaidu က မောင်းသူမဲ့ ကားနယ်ပယ်တွင် အောင်မြင်ရန် ကြိုးစားနေပါသည်။ Baidu က တရုတ်တွင် သူ၏ မောင်းသူမဲ့ ကားများကိုရှုပ်ထွေးသောလမ်းများနှင့် မတူညီသောရာသီဥတုများတွင် စမ်းသပ်ပြီးပြီဟုကြေညာပါသည်။
Baidu က အမေရိကန်တွင် မောင်းသူမဲ့ ကားများကိုစမ်းသပ်ရန် စီစဉ်နေပါသည်။ ကုမ္ပဏီက ၂၀၁၈ တွင် မောင်းသူမဲ့ ကားများကိုရောင်းချနိုင်ရန် ကြိုးစားနေပါသည်။ ယခင် Google ၏ AI ဌာနမှ အကြီးအကဲ ဖြစ်ပြီးယခုBaidu ၏ သိပ္ပံပညာဌာနမှ အကြီးအကဲဖြစ်သူ Andrew Ng က အမေရိကန်ပြည်ထောင်စုကယ်လီဖိုးနီးယားရှိ Sunnyvale တွင် ၀န်ထမ်းပေါင်း ၁၆၀ ဖြင့် မောင်းသူမဲ့ ကားစီမံကိန်းကို ပြုလုပ်နေသည်ဟုပြောပါသည်။
Baidu ၏ မောင်းသူမဲ့ ကားစီမံကိန်းတွင် အလုပ်လုပ်နေသောအရာရှိအချို့သည်လည်းမောင်းသူမဲ့ကားများလမ်းများပေါ် ရောက်ရှိနိုင်ရန် အမေရိကန် လွှတ်တော်မှ တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ကြပါသည်။ Baidu က ယခင်နှစ်တွင် သူ၏ မောင်းသူမဲ့ ကားစီမံကိန်းကိုစတင် ဖော်ထုတ်ခဲ့ပါသည်။ BMW 3 ကိုမောင်းသူမဲ့ ကားအဖြစ် အဆင့်မြှင့်ထားပြီး ၁၉ မိုင်ခရီးကိုယခင်နှစ်ကစမ်းသပ်ခဲ့ပါသည်။
အင်တာနက်ဂျာနယ်

Post a Comment
ယခု Website လေးကို ၀င်ရောက်လေ့လာဖတ်ရှုကြခဲ့သော မိတ်ဆွေအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
အကယ်၍အဆင်မပြေမှု တစ်စုံတရာရှိခဲ့ပါက..
ယခုအောက်က Comment Box တွင် ...Comment ချန်ခဲ့ပြီး
အကြောင်းကြားနိုင်ပါတယ် ခင်ဗျာ...။
မိကောင်းဖခင် သားသမီးဆိုရင်
ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုခြင်းသည်းခံပါ မိတ်ဆွေ!