ခေါက်ဖုန်းကိုမှ ကြိုက်ပါတယ်ဆိုတဲ့ ကိုကို၊မမတွေအတွက် Gionee ရဲ့ စွမ်းဆောင်ရည်မြင့်၊ Android ခေါက်ဖုန်းအသစ် ထွက်ရှိလာပါပြီ။
အင်္ဂါနေ့က တရုတ်နိုင်ငံမှာပြုလုပ်သွားတဲ့ ကုန်ပစ္စည်းမိတ်ဆက်ပွဲမှာ Gionee ကုမ္ပဏီဟာ W909 မော်ဒယ် ခေါက်ဖုန်းအသစ်ကို မိတ်ဆက်ပြသသွားခဲ့ပြီး၊ ဒီဖုန်းဟာ လက်ဗွေရာဆန်ဆာပါတဲ့ ပထမဆုံး ခေါက်ဖုန်းလို့ ဆိုနိုင်ပါတယ်။
နောက်ထပ်ထူးခြားချက်အနေနဲ့ ဒီဖုန်းဟာ touchscreen နှစ်ခုတောင် ပါရှိပြီး၊ USB Type-C အပေါက် လည်းပါဝင်ပါတယ်။ ဖုန်းကိုယ်ထည်ကို သတ္တုစပ်နဲ့ပြုလုပ်ထားပြီး၊ ဖုန်းအတွင်းပိုင်းမှာလည်း တကယ့်အမိုက်စား ဟာ့ဒ်ဝဲတွေချည်း သုံးထားတာကို တွေ့ရပါတာ်။
Gionee W909 ဖုန်းမှာ ၄.၂ လက်မအရွယ် HD မျက်နှာပြင်နှစ်ခုပါရှိပြီး၊ ကီးပတ်အနေနဲ့ သုံးမလား၊ touchscreen လို သုံးမလား၊ ကြိုက်သလိုသုံးနိုင်မယ့်ဖုန်းဖြစ်ပါတယ်။ ဖုန်းနောက်ကျောမှာ လက်ဗွေရာဆန်ဆာ လည်း ပါဝင်ပြီး၊ ၀.၃၈ စက္ကန့်အတွင်း ဖုန်းကို unlock လုပ်နိုင်တယ်လို့ ဆိုပါတယ်။
ဖုန်းအတွင်းပိုင်း MediaTek ရဲ့ MT6755M octa-core ပရိုဆက်ဆာကို အသုံးပြုထားပြီး၊ RAM က 4GB အထိ ပါရှိပါတယ်။ ဖုန်းစွမ်းဆောင်ရည်ပိုင်းကတော့ ခေါက်ဖုန်းတစ်လုံးလို့ မထင်ရလောက်အောင်ပါပဲ။ ဖုန်းတွင်းဒေတာသိမ်းဆည်းနိုင်မှု 64GB အထိ ပါရှိသလို၊ microSD ကတ် ထပ်စိုက်ပြီး၊ 128 GB အထိ တိုးသုံးနိုင်ပါတယ်။
ကင်မရာပိုင်းမှာလည်း 16-megapixel ကျောကင်မရာ၊ 5 megapixel ရှေ့ကင်မရာတို့ ပါရှိပြီး၊ ဘက်ထရီကတော့ 2530 mAh ဘက်ထရီဖြစ်ပါတယ်။ ဖုန်းပြောချိန် ၂၉.၇ နာရီခံပြီး၊ standby ထားမယ်ဆို ၄၀၈ နာရီထိ အသုံးခံတယ်လို့ Gionee ကုမ္ပဏီက ဆိုပါတယ်။
SIM နှစ်ကတ်လည်းထည့်သုံးနိုင်တဲ့ ဒီဇိုင်းဆန်းဆန်း၊ စွမ်းဆောင်ရည်မြင့် Gionee W909 ခေါက်ဖုန်းကို ရွှေရောင်အနေနဲ့သာ ၀ယ်ယူရရှိနိုင်မှာဖြစ်ပြီး၊ ဈေးနှုန်းကတော့ မြန်မာငွေ ၇ သိန်းခွဲလောက် ရှိပါတယ်။
Ref: Gadgets360
Credit http://digitaltimes.com.mm
www.nyilatttun.com
Post a Comment
ယခု Website လေးကို ၀င်ရောက်လေ့လာဖတ်ရှုကြခဲ့သော မိတ်ဆွေအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
အကယ်၍အဆင်မပြေမှု တစ်စုံတရာရှိခဲ့ပါက..
ယခုအောက်က Comment Box တွင် ...Comment ချန်ခဲ့ပြီး
အကြောင်းကြားနိုင်ပါတယ် ခင်ဗျာ...။
မိကောင်းဖခင် သားသမီးဆိုရင်
ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုခြင်းသည်းခံပါ မိတ်ဆွေ!