May 29, 2025

ဘယ်ဖုန်းမှာမဆို ကြိုးမဲ့အားသွင်းစနစ်ရအောင် ဘယ်လိုလုပ်မလဲ

 
အခုတလော စမတ်ဖုန်းကိုင်သူတွေကြားမှာ ရေပန်းစားနေတဲ့စကားလုံးကတော့ ‘wireless charging’ ‘ကြိုးမဲ့ အားသွင်းစနစ်’ ပဲ ဖြစ်ပါတယ်။
ကြိုးမဲ့အားသွင်းစနစ်ဆိုတာ လျှပ်စစ်သံလိုက်လှိုင်းကို အသုံးပြုကာ၊ စွမ်းအင်ကို ကြိုးမဲ့လွှဲပြောင်းပေးတာ ဖြစ်ပြီး ဒီစနစ်စံနှုန်းကို Qi (ချီ) လို့ ခေါ်ပါတယ်။ အခုထွက်တဲ့ Samsung Galaxy S7 ဖုန်းမှာလည်း ဒီ Qi စနစ်ကိုပဲ အသုံးပြုထားတာဖြစ်ပြီး၊ ဒီနည်းနဲ့ ကြိုးမဲ့အားသွင်းနိုင်တာပါ။
ဒီစနစ်ဟာ တကယ့်တန်ဖိုးကြီးစမတ်ဖုန်းတွေမှာသာ ပါတယ်လို့ အများစုက ထင်ကြပေမယ့်၊ တကယ်တမ်းတော့ ကျွန်တော်တို့ လက်ရှိကိုင်နေတဲ့ Android ဖုန်းတွေကော၊ iPhone တွေမှာပါ ကြိုးမဲ့အားသွင်းစနစ်ကို အလွယ်တကူ ရရှိနိုင်ပါတယ်။
ဒါဆို ဘယ်လိုလုပ်ရမလဲ ? ဟုတ်ကဲ့၊ လွယ်ပါတယ်။

လိုအပ်တာတွေကတော့ –

  • microUSB ခေါင်းတပ် ကြိုးမဲ့အားသွင်းစနစ်လက်ခံစက် receiver ( သတိပြုရမှာက ကိုယ့်ဖုန်းရဲ့ microUSB အပေါက်ရှိတဲ့နေရာအပေါ် မူတည်ပြီး၊ အပေါက်ထိုးဖို့အဆင်ပြေတဲ့ receiver ၀ယ်ဖို့ လိုပါတယ်) ။ XCSOURCE တံဆိပ် receiver က စွယ်စုံသုံးနိုင်သလို၊ ဈေးလည်းသက်သာပါတယ်။ iPhone ဆိုရင်တော့ သူ့ ခေါင်းနဲ့လိုက်မယ့် iQi Mobile တံဆိပ် receiver ရှိပါတယ်။ Android receiver ဆို ဆယ်ဒေါ်လာလောက်ပဲ ရှိပေမယ့်၊ iPhone receiver ကတော့ ဒေါ်လာ ၃၀ လောက်ရှိပါတယ်။
61kL7SKejaL._SX425_
  • စမတ်ဖုန်း (သို့) တက်ဘလက် ( microUSB အပေါက်ပါတဲ့ ဘလူးတုစပီကာမှာတောင် ရပါတယ်)
  • Qi စနစ်သုံး ကြိုးမဲ့ချာဂျာ (သို့) ချာဂျာပြား တစ်ခုခု ( Qi-infinityAukey တံဆိပ် ကြိုးမဲ့အားသွင်းစက်တွေက ဒေါ်လာ ၃၀ လောက်တောင် မရှိဘဲ၊ အရည်အသွေးကောင်းမွန်ပါတယ်)
aukey-wireless-charging-pad

  • ဖုန်းကာဗာ

တပ်ဆင်နည်းကတော့

၁။ microUSB ခေါင်းတပ် လက်ခံစက် receiver ကို ဖုန်းရဲ့ အားသွင်းပေါက်မှာထိုးလိုက်ပါ။
၂။ Receiver ကို ဖုန်းနောက်ကျောမှာကပ်ပြီး၊ ဖုန်းကို ကာဗာတပ်လိုက်ပါ။ ကာဗာမတပ်ချင်ရင် receiver ကို ဖုန်းနောက်မှာ တိပ်နဲ့ကပ်ထားနိုင်ပါတယ်။ ဒါပေမယ့် ဒါကတော့ ဖုန်းနည်းနည်းကြည့်ရဆိုးသွားမှာပါ။
HTC-One-M8-wireless-charging
၃။ Receiver တပ်ထားတဲ့ဖုန်းကို Qi ကြိုးမဲ့ချာဂျာအထိုင်စက် (သို့) ချာဂျာပြားပေါ်မှာ အလယ်ကျကျ တင်ထားလိုက်ပါ။
Qi-Wireless-Charger-Receiver-Adapter-Module-for-HTC-One-M7-M8-M9-M9-Plus-E9-E9

၎။ ဖုန်းကို တင်လိုက်တာနဲ့ အောက်က ချာဂျာစက်မှာ မီးလေးလင်းလာတာကို တွေ့မြင်ရမှာဖြစ်ပြီး၊ ဖုန်း အားဝင်လာမှာဖြစ်ပါတယ်။
ဒါပါပဲ။ အရမ်းလွယ်ကူသလို၊ ငွေကုန်ကြေးကျလည်းမများပါဘူး။ Receiver စက်က ဆယ်ဒေါ်လာ လောက်သာ ရှိပြီး၊ ချာဂျာကလည်း ဒေါ်လာ ၃၀ ၀န်းကျင်လောက်သာ ရှိတာကြောင့် မြန်မာငွေ ငါးသောင်းလောက်နဲ့ ကိုယ့်ဖုန်းကို ကြိုးမဲ့အားသွင်းနိုင်မှာဖြစ်ပါတယ်။
လက်ရှိမှာ ဒီစက်တွေကို Amazon ကနေ ပေါပေါလောလော မှာယူနိုင်ပေမယ့်၊ မြန်မာနိုင်ငံမှာတော့ ၀ယ်ယူဖို့ ခဲယဉ်းပါလိမ့်မယ်။ ဒါပေမယ့်လည်း ကြိုးမဲ့အားသွင်းစနစ်က အခုဆို တော်တော်လေးခေတ်စားလာတာကြောင့် မကြာခင် မြန်မာနိုင်ငံမှာလည်း အလွယ်တကူ ၀ယ်ယူရရှိနိုင်တော့မှာပါ။
အောက်မှာ ဗီဒီယိုနဲ့တကွ ပိုမိုလွယ်ကူအောင် လုပ်နည်းအဆင့်ဆင့်ကို ဖော်ပြထားပါတယ်။


Ref: Android and Me
Credit  http://digitaltimes.com.mm/
www.nyilattun.com

Post a Comment

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.