July 15, 202512:25:09 PM

Telenor က နံပါတ်အလှကို မန္တလေးမြို့တွင် လေလံတင်မည်

 
ပထမဦးဆုံးအကြိမ် နံပါတ်အလှများကို လေလံတင်ရောင်းချရာတွင် အောင်မြင်မှုရရှိခဲ့သည့် Telenor သည် ဒုတိယမြောက် နံပါတ်အလှ လေလံတင်ရောင်းချခြင်းကို မန္တလေးမြို့တွင် ကျင်းပသွားမည်ဟု သတင်းထုတ်ပြန်လိုက်သည်။
၀၉၇၇၊ ၀၉၇၉ ဖြင့်စသော နံပါတ်အလှအရေအတွက် ၁၀၀ ခန့်ကို လေလံတင် ရောင်းချသွားမည်ဖြစ်ပြီး လေလံပွဲမှရရှိလာသည့် အကျိုးအမြတ်များကို ကွမ်းခြံကုန်းမြို့နယ်ရှိ မြတ်လေးရုံ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ကျောင်းဆောင်သစ်တစ်ခုနှင့် ဒစ်ဂျစ်တယ် ပညာသင်ကြားရေး စင်တာတစ်ခု ဆောက်လုပ်ပေးရန် စီစဉ်ထားကြောင်း သိရသည်။
လေလံတင်မည့် နံပါတ်အလှများကို ကြမ်းခင်းဈေး ကျပ်သိန်း ၃၀ သတ်မှတ်ထားပြီး လေလံပွဲနှင့် ပတ်သက်သည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို MN Associates နှင့် Deloitte Touche Myanmar, Vigour Advisory Ltd တို့မှ လုပ်ကိုင်ဆောင်ရွက်သွားမည် ဖြစ်သည်။
မတ်လ ၂၅ ရက်တွင် မန္တလေး ဆီဒိုးနားဟိုတယ်၌ ကျင်းပပြုလုပ်မည့် အဆိုပါလေလံပွဲကို စိတ်ပါဝင်စားသူများအနေဖြင့် အမည်၊ လိပ်စာ၊ အီးမေးလ်၊ မှတ်ပုံတင်၊ ကုမ္ပဏီအမည်၊ ဘဏ်စာရင်း စသည့် အသေးစိတ် အချက်အလက်များကို specialnumber@telenor.com.mm သို့ မေးလ်ပို့ပြီးဖြစ်စေ၊ သို့မဟုတ် ၀၉၇၉၇၀၀၀၀၉၇ သို့ ဆက်သွယ်၍ဖြစ်စေ ၂၀၁၆ ခုနှစ် မတ်လ ၂၁ ရက်နောက်ဆုံးထား စာရင်းပေးနိုင်ကြောင်း သိရသည်။
Telenor သည် ပထမကြိမ် လေလံပွဲကို ရန်ကုန်မြို့တွင် ကျင်းပခဲ့ပြီး အဆိုပါလေလံပွဲမှ ငွေကျပ်သိန်းပေါင်း ၄,၈၃၅ သိန်းကို ရရှိခဲ့ကြောင်း၊ အထူးခြားဆုံးအနေဖြင့် ၀၉၇၇ ၇၇၇၇၇၇၇ ကို ကျပ်ငွေသိန်း ၁,၁၂၀ ဖြင့် ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

အင်တာနက်ဂျာနယ် 


Post a Comment

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.