
ယခုလအတွင်း ရောင်းချမည်ဖြစ်ပြီး အဆိုပါ မော်ဒယ်အသစ်များအတွက် သီးသန့်ဝန်ဆောင်မှုအဖြစ် Premium Care အစီအစဉ်ကို စတင်လိုက်သည်ဟု သိရသည်။
Galaxy S7 နှင့် Galaxy S7 edge အသုံးပြုသူများအတွက် အထူးအာခံ ပေးအပ်သွားမည်ဖြစ်ပြီး Software ပြဿနာများအတွက် အိမ်အရောက် လာရောက်ပြုပြင်ပေးခြင်းနှင့် Heardware ပြဿနာများအတွက် အိမ်အရောက် ဖုန်းလက်ခံ လာရောက်ယူဆောင်ပေးခြင်းတို့ကို ဝန်ဆောင်မှု ပေးအပ်သွားမည် ဖြစ်သည်။
Galaxy S7 နှင့် Galaxy S7 edge ဟန်းဆက်များသည် ဈေးနှုန်း ၈ သိန်းကျပ်နှင့် ၉ သိန်းကျပ် အထိ သတ်မှတ်ထားသော ဟန်းဆက်များဖြစ်ကြပြီး အဆိုပါဟန်းဆက်များအတွက် Service လိုအပ်သည့် အချိန်အခါများတွင် ကုမ္ပဏီအနေဖြင့် အစားထိုးဟန်းဆက်များကိုလည်း ပေးအပ်သွားမည်ဟု သိရသည်။
Galaxy S7 နှင့် Galaxy S7 edge အတွက် သီးသန့် ဝန်ဆောင်မှုပေးအပ်သည့် Premium Care အစီအစဉ်ကို ၂၀၁၆ စက်တင်ဘာလအကုန်အထိ မတော်တဆ ဖုန်းမျက်နှာပြင် ထိခိုက်ပျက်စီးခြင်းအတွက် တစ်ကြိမ်ပြုလုပ်ပေးမည်ဖြစ်ပြီး ရှေ့မျက်နှာပြင်အတွက်ကိုမူ ၅၀ ရာခိုင်နှုန်း အကုန်ကျစရိတ် ပြန်လည်ကျခံပေးမည်ဟု သိရသည်။
Samsung သည် ၎င်း၏ Premium Care အစီအစဉ်ကို ရန်ကုန်နှင့် မန္တလေးမြို့ကြီးနှစ်ခုတွင် ဝန်ဆောင်မှုပေးအပ်ရန် စီစဉ်ထားခြင်းဖြစ်ပြီး အိမ်အရောက် ဝန်ဆောင်မှုအတွက် မလိုအပ်သည့် အခြားသော ဝန်ဆောင်မှုများအတွက် 01-2399990 နံပါတ်ဖြင့် Call Center တစ်ခုကို တည်ဆောက်ထားပြီး ဆက်သွယ်မေးမြန်းနိုင်ရန်လည်း စီစဉ်ထားသည်။
Credit-အင်တာနက်ဂျာနယ်
Post a Comment