July 20, 202512:49:36 AM

ဝန်ထမ်း ငါးဦးလျှင် တစ်ဦးမှာ လုပ်ငန်းခွင်သုံး password များကို ရောင်းချလိုဟု စစ်တမ်းတစ်ခုတွင် ဖော်ပြ




တက္ကဆက်စ် ပြည်နယ်အခြေစိုက် အော်စတင်မြို့ရှိ လုံခြုံရေးကုမ္ပဏီ SailPoint မှပြုလုပ်သော သုတေသနအရ ဝန်ထမ်း ၅ ဦးလျှင် ၁ ဦးမှာ ငွေကြေးအတွက်ဖြင့် လုပ်ငန်းခွင်သုံး password များကို ရောင်းချနိုင်ကြောင်း ဖော်ပြထားသည်။

အဆိုပါ အစီရင်ခံစာတွင် မေးခွန်းများကို ဖြေကြားခဲ့သူ ၄၄ ရာခိုင်နှုန်းသည် ကန်ဒေါ်လာ ၁၀၀၀ ထက် မနည်းသော တန်ဖိုးဖြင့် ၎င်းတို့၏ password များကို ရောင်းချမည်ဖြစ်ကြောင်း သဘောတူညီစွာ ဖြေဆိုခဲ့ကြသည်။ ထို့ကြောင့် ဝန်ထမ်းများအနေဖြင့် လုပ်ငန်းခွင်တွင် အသုံးပြုသော password များသည် လုံခြုံမှုမရှိသလို ၎င်း password များကို ရောင်းချလိုသည့် အကျင့်တရားများ ရှိကြကြောင်း ညွှန်ပြနေသည်။ ဝန်ထမ်းသုံးပုံနှစ်ပုံက လုပ်ဖော်ကိုင်ဖက် များနှင့်အတူ password များနှင့် ထောက်ခံချက်များ (credentials) ကိုဝေမျှ လျက်ရှိကြောင်း ဝန်ခံထားပြီး ၁၆ ရာခိုင်နှုန်းက ထောက်ခံချက်များ အားလုံးကို password တစ်ခုတည်းဖြင့် အသုံးပြုကြောင်း ပြောကြားထားကြသည်။

ထို့အပြင် ကုမ္ပဏီများသည် ဝန်ထမ်းများ ရုံးဆင်းခွင့်ပေးပြီး နောက်တံခါးများကို လုံခြုံစွာထိန်းသိမ်း နိုင်ခြင်းမရှိပေ။ ၄၂ ရာခိုင်နှုန်းသော မေးခွန်းများကို ဖြေကြားသူများက ရုံးဆင်းပြီးနောက် cor-porate account များနှင့် အချက်အလက်များကို အသုံးပြုနိုင်ကြောင်း ပြောကြားခဲ့သည်။

Ref: TheNextWeb

Post a Comment

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.