ဝေဟင်၌ လှည့်ပတ်ပျံသန်းနေသော ဒရုန်းအရေအတွက်သည် လေးနှစ်အတွင်း သုံးဆအထိ မြင့်တက်လာလိမ့်မည်ဟု Federation Aviation Administration (FAA) ၏ ၂၀၁၆ မှ ၂၀၃၆ ခုနှစ်အထိ ခန့်မှန်းချက် အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
အမေရိကန်ရှိ ဝါသနာရှင်များနှင့် စီးပွားဖြစ်ဒရုန်းများ အရေအတွက်သည် ၂၀၂၀ ခုနှစ်တွင် ၂.၅ သန်းမှ ၇ သန်းအထိ မြင့်တက်လာမည်ဟု FAA မှ ခန့်မှန်းထားသည်။
အပန်းဖြေရာတွင်အသုံးပြုသော ဒရုန်းများသည် ၂၀၂၀ ခုနှစ်တွင် ၄.၃ သန်းအထိ မြင့်တက်လာဖွယ်ရှိသည်။ အဆိုပါဒရုန်းများကြောင့် ပြဿနာများမဖြစ်ပွားစေရန် အသေအချာဂရုပြုဆောင်ရွက်ရမည်ဖြစ်ပြီး မောင်းနှင်သူများအနေဖြင့် FAA တွင် မှတ်ပုံတင်ရမည်ဖြစ်သည်။ လက်ရှိတွင် ဒရုန်းကို မှတ်ပုံတင်သူ ၄၀၀,၀၀၀ ကျော်ရှိသည်။ စီးပွားဖြစ်အသုံးပြုသူများကမူ စိုက်ပျိုးရေး၊ အာမခံ၊ အိမ်ခြံမြေနှင့် ဓာတ်ပုံရိုက်ကူးခြင်းတို့အတွက် ဒရုန်းကို အသုံးပြုဖွယ်ရှိသည်။
သို့ရာတွင် ချီကာဂို၊ နယူးယောက်နှင့် ဆိုင်ရာကျူ့စ်တို့ အပါအဝင် နိုင်ငံတစ်ဝန်းရှိ မြို့များ၌ ဒရုန်းအသုံးပြုခြင်းအား မည်ကဲ့သို့တားမြစ်ကန့်သတ်မည်ကိုမူ မသိရှိရသေးပေ။ "အရေအတွက်နည်းပါးတဲ့ UAS [unmanned aircraft system] တွေအတွက် နောက်ဆုံးစည်းမျဉ်းစည်းကမ်းတွေကို ချမှတ်ပြီးတာနဲ့ စီးပွားဖြစ်အသုံးပြုမှုကို လက်ရှိထက်ပိုပြီး မြင်တွေ့ရပါလိမ့်မယ်" ဟု အထက်ပါ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
Ref: Time
Credit Internetjournal
Post a Comment
ယခု Website လေးကို ၀င်ရောက်လေ့လာဖတ်ရှုကြခဲ့သော မိတ်ဆွေအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
အကယ်၍အဆင်မပြေမှု တစ်စုံတရာရှိခဲ့ပါက..
ယခုအောက်က Comment Box တွင် ...Comment ချန်ခဲ့ပြီး
အကြောင်းကြားနိုင်ပါတယ် ခင်ဗျာ...။
မိကောင်းဖခင် သားသမီးဆိုရင်
ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုခြင်းသည်းခံပါ မိတ်ဆွေ!